26 C
Yangon

ဘုတလင်မြို့နယ်ရှိ စလွန်းရွာ၊ ကွမ်းခြံရွာနှင့် ထန်းတောရွာ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ်မှု ပြည်သူ ၃ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၅ လုံး ပျက်စီး

Must read

ဘုတလင်မြို့နယ်ရှိ စလွန်းရွာ၊ ကွမ်းခြံရွာနှင့် ထန်းတောရွာ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ်မှု ပြည်သူ ၃ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၅ လုံး ပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ စလွန်းရွာ၊ ကွမ်းခြံရွာနှင့် ထန်းတောရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဘုတလင်မြို့နယ်ရှိ စလွန်းရွာ၊ ကွမ်းခြံရွာနှင့် ထန်းတောရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်းပြည်သူ ၃ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

“ကျနော်တို့ ထန်းးတောရွာကိုတော့ ရွာပေါ်ကနေ ၄ ပတ်ပတ်ပြီး ပစ်သွားတယ်။ ရွာတောင်ပိုင်း၊ ရွာအလယ်ပိုင်း၊ ရွာအရှေ့ပိုင်းကို ကျရောက်ပေါက်ကွဲတာ တွေရှိခဲ့တယ်။ ရွာတောင်ပိုင်းက ပြည်သူနေအိမ် ၃ လုံး၊ ရွာအလယ်ပိုင်းက ၂ လုံးနဲ့ ရွာအရှေ့ပိုင်းကပျက်စီးတာတွေရှိခဲ့တယ်။ နောက်ပြီးတော့ အမျိူသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိတာတွေလည်း ရှိခဲ့ပါတယ်ဗျ။ကွမ်းခြံကတော့ ဘုန်းတော်ကြီး ကျောင်းကတော့ ဘုရားအာရုံခံအုပ် ကျောင်းဆောင် တစ်ခုလည်း ပျက်စီးသွားတယ်” ဟု ထန်းတောရွာမှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ ကျေးရွာ ၃ ရွာသည် ချင်းတွင်းမြစ်ကမ်း အရှေ့ဘက်ကပ်လျှက်တွင် တည်ရှိပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် ၆မိုင်ကျော်ခန့်သာ ဝေးကွာကြောင်း သိရသည်။

ဓာတ်ပုံ – မကွေးတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article