29 C
Yangon

ပုလောမြို့နယ်၊ ရှပ်ပုံရွာ အနီးသို့ စစ်တပ်က ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ရှပ်ပုံရွာ အနီးအနားကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပုလော ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ အကြမ်းဖက် စစ်တပ်က ပုလော မြို့နယ်၊ ရှပ်ပုံရွာ အနီးအနားကို လက် နက်ကြီးများဖြင့် ပစ်ခတ် တိုက် ခိုက် ခြင်းကြောင့် အရပ်သား ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ မွန်းလွဲပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်က ရှပ်ပုံရွာအနီး အနားသို့ လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှု အခြေအနေနှင့် နေအိမ် ပျက်စီးမှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်ရေး လေယာဉ်များသည် ဆက်တိုက် ပျံဝဲနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

” လက်ရှိအထိတော့ အခြေအနေ အတိအကျ မသိရသေးဘူး။ မနက်ပိုင်းတုန်းကတော့ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်လို့ အရပ်သား ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရတယ်။ ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရတယ်လို့သိရတယ်။ မွန်းလွဲပိုင်း ဗုံးကျဲသွားတော့ အခြေအနေ အတည်မပြုနိုင်သေးဘူး။ လေယာဉ်တွေ ရှိနေသေးတယ်” ဟု ပုလော ပကဖ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ – ၂၀၂၃ ခုနှစ်က ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာကို အကြမ်းဖက် စစ် တပ် က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၃ ခုနှစ်က ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာကို အကြမ်းဖက် စစ် တပ် က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article