29 C
Yangon

တောင်ငူ နှင့် အရာတော်မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး

Must read

တောင်ငူ နှင့် အရာတော်မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ မွန်ကုန်းရွာအနောက်ဘက်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ ကြောင်း ကမ်းနီကြားကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၇ နာရီ ၃၀ မိနစ်က တောင်ငူမြို့နယ်၊ တောင်ငူ -လိပ်သိုလမ်းတ လျှောက် အင်အား ၁၀၀ ခန့်ဖြင့် နယ်မြေရှင်းလင်းရေး ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မွန်ကုန်းရွာ အနောက်ဘက် လေးဒူးချောင်းအနီးအရောက် တော်လှန်ရေးတပ်ဖွဲ့ ဝင်များက ကြားဖြတ်ခဲ့တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ကြားဖြတ်တိုက်ခိုက်မှုသည် ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က အင်အား များ ပြားမှုကြောင့် တော်လှန် ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးကာ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တောင်ငူမြို့ကနေ ထွက်လာတဲ့စစ်ကြောင်းပါ၊ သေဆုံးထိခိုက်မှုနောက်ဆက်တွဲတော့ မကြားရ သေးဘူး။ စစ်ကြောင်းကတော့ လိပ်သို့ဘက်ကို တဖြေးဖြေးဆက်သွားနေတုန်းပါပဲ။” ဟု ကမ်းနီကြားကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို KNU တပ်မဟာ ၂ တပ်ရင်း ၅ လက်အောက်ခံ ကမ်းနီကြားကာကွယ်ရေး တပ်ဖွဲ့ မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်း ပျူစောထီးကျေးရွာ ကင်းပုန်းများကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း ၁၉ – ရောင်နီဦးတပ်ရင်းမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၁ ရက် ညနေ ၃ နာရီ ၂၀ မိနစ်အချိန်က အရာတော်မြို့နယ်၊ ငွေတွင်းပျူစောထီး ကျေးရွာအနီးပတ်ဝန်းကျင်ရှိ ကင်းပုန်းစခန်း ၃ ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ပွဲ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ပျူ စောထီး ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ငွေတွင်းရွာမှာက ပျူရော ၊ စခ ရောပေါင်းရင် ၈၀ ကျော် ၉၀ နီးပါးလောက်ရှိသေးတယ်။ ရွာပတ် ပတ်လည်မှာရှိတဲ့ ကင်းပုန်းစခန်း ၃ ခုကို ဝင်တိုက်ခဲ့တာပါ။ အင်အားက ၄၅ ဦးလောက်တော့ရှိမယ်၊ ကင်းပုန်းဝပ်နေတာ၊ မိဘပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိရှိနေပေးကြဖို့နဲ့ အခုထက်ပိုမို့ လှုပ်ရှား နိုင်ဖို့ ခဲယမ်းကူပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု မုံရွာခရိုင်တပ်ရင်း ၁၉ – ရောင်နီဦးတပ်ရင်းမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ဗျူဟာ ၆၆ စစ်ကြောင်း (မုံရွာခရိုင်တပ်ရင်းအမှတ် ၁၉ ရောင်နီဦး တပ်ရင်း ၊ အမှတ် ၂၁ တပ်ရင်း ၊ အမှတ် ၂၆ တပ်ရင်း) ၊အရာတော်မြို့နယ် ပကဖအဖွဲ့များနှင့် အခြား မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article