29 C
Yangon

ကောလင်းမြို့နယ်တွင် စစ်ရှောင်ပြည်သူများ နေထိုင်သော ဝက်သဲကုန်းရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရ

Must read

ကောလင်းမြို့နယ်တွင် စစ်ရှောင်ပြည်သူများ နေထိုင်သော ဝက်သဲကုန်းရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် စစ်ရှောင်ပြည်သူများ နေထိုင်သော ဝက်သဲကုန်းရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်အစောပိုင်း ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကောလင်းမြို့နယ်ရှိ စစ်ရှောင်ပြည်သူများ နေထိုင်သော ဝက်သဲကုန်းရွာ စာသင်ကျောင်းကို တံတားဦးမှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း၊ နွား ၁ ကောင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ဝက်သဲကုန်းရွာ စာသင်ကျောင်းမှာ စစ်ဘေးရှောင် ပြည်သူ အနည်းငယ်ရှိနေချိန် စစ်တပ်က လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ၁၀ နှစ် အရွယ် ကလေးငယ် ၁ ဦးတော့ ထိခိုက်မှုအနည်းငယ်ရှိတယ်။ နွား ၁ ကောင် သေဆုံးတယ်လို့ သိရတယ်။ ဘာတိုက်ပွဲမှ မရှိပါဘူး။ အကြောင်းမဲ့ လေကြောင်းနဲ့ ဗုံးကျဲသွားတာ” ဟု Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article