27 C
Yangon

မြိုင် ကန်နီရွာတွင် မွန်းမံ သင်တန်းတက်နေသော ပျူစောထီးများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

Must read

မြိုင် ကန်နီရွာတွင် မွန်းမံ သင်တန်းတက်နေသော ပျူစောထီးများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီ ပျူစောထီးရွာတွင် မွန်းမံ သင်တန်းတက်နေသော ပျူစောထီးများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း ဗစ်တာ ပြောက်ကျား တပ်ဖွဲ့မှ ကိုဗစ်တာက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နှင့် ၁၅ ရက်နေ့တွင် ကနီပျူစောထီးရွာ၌ သရက်ကန်ရွာ၊ သရက်ကွရွာ၊ ဝက်ပုတ်ရွာ၊ တွင်းမရွာနှင့် ကန်နီရွာမှ လက်နက်ကိုင် ပျူစောထီး အင်အား ၁၂၀ ခန့်သည် မွန်းမံ သင်တန်းတက်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ၂ ရက်ဆက်တိုက် ၁၈၀ မမ လက်နက်ကြီး ၅ လုံး၊ ၆၀ မမ လက်နက်ကြီး ၉ လုံးတို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း ပျူစောထီးများ မွန်းမံ သင်တန်းဝင်း အတွင်းထွက်ပြေးမှုများရှိပြီး ထိခိုက်မှုများရှိကာ သေဆုံးမှု အရေအတွက် အတိအကျကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း ၆၀ မမ လက်နက်ကြီးများ၊ လက်နက်ငယ်များ၊ စက်လက်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး သေစာရင်းကတော့ အတည်မပြုနိုင်သေးဘူး။ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ် ကနေ ၁၀ နာရီ ၃၀ မိနစ် ထိ ၁ ကြိမ်၊ ၁၅ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ကနေ ၉ နာရီ ၃၀ မိနစ်ထိ ၁ ကြိမ်ပေါ့။ ၂ ရက်ဆက်တိုက် သွားရောက် တိုက်ခိုက်ခဲ့တာပါ။ ပျူခွေး လက်နက်ကိုင် ၁၂၀ ခန့်ရှိတဲ့ မွန်းမံ သင်တန်းကို ပထမ ရက်ကတော့ ပျူရွာဘက်က လက်နက်ကြီး၊ စက်လက်နဲ့ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်။ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ဗစ်တာ ပြောက်ကျား တပ်ဖွဲ့မှ ကိုဗစ်တာက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗစ်တာပြောက်ကျားတပ်ဖွဲ့၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ လင်းမွှေ အဖွဲ့ မြိုင် ပကဖ၊ အညာမြေ ပြောက်ကျားတပ်ဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း ၂ နှင့် ပြည်သူ့လွတ်မြောက်ရေး ကျောင်းသားတပ်တော်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article