29 C
Yangon

လောင်းလုံးမြို့ပေါ် လဝကရုံးရှေ့ရှိ စစ်တပ်ဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

Must read

လောင်းလုံးမြို့ပေါ် လဝကရုံးရှေ့ရှိ စစ်တပ်ဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ် လဝကရုံးရှေ့ရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို ဝင်ရောက် ပစ်ခတ်ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း DNLA ဖက်ဒရယ်ဓူဝံကြယ်တပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် လောင်းလုံးမြို့ပေါ် လဝကရုံးရှေ့တွင် ဂိတ်ချ စစ်ဆေးနေသေ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို DNLA ဖက်ဒရယ်ဓူဝံကြယ်တပ်ခွဲ မှ တော်လှန်ရေး ရဲဘော်များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကာ အရေအတွက်ကို ဆက်လက်စုံစမ်းလျက်ရှိကြောင်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“လောင်းလုံးမြို့နယ်၊ လဝကရုံးရှေ့မှာ ဂိတ်ချ စစ်ဆေးနေတဲ့ စစ်ခွေးတွေကို ကျနော်တို့ DNLA ဖက်ဒရယ်ဓူဝံကြယ်တပ်ခွဲက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ စစ်ခွေး ၂ ကောင်သေဆုံးတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့ အရေအတွက်ကိုတော့ ဆက်လက် စုံစမ်းဆဲနေပါတယ်” ဟု DNLA ဖက်ဒရယ်ဓူဝံကြယ်တပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article