36 C
Yangon

ရွှေဘိုတွင် မန္တလေးဂိုဏ်းချုပ်သာသနာမှ ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ် အသတ်ခံရမှု ထိထိရောက်ရောက် အရေးယူရန် ခရစ်ယာန်အသိုင်းအဝိုင်း လိုလား

Must read

ရွှေဘိုတွင် မန္တလေးဂိုဏ်းချုပ်သာသနာမှ ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ် အသတ်ခံရမှု ထိထိရောက်ရောက် အရေးယူရန် ခရစ်ယာန်အသိုင်းအဝိုင်း လိုလား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် မန္တလေးဂိုဏ်းချုပ်သာသနာမှ ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ် အသတ်ခံရမှု ထိထိရောက်ရောက် အရေးယူရန် လိုလားကြကြောင်း မန္တလေးကက်သလစ်ခရစ်ယာန် အသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၆ နာရီအချိန် မန္တလေးဂိုဏ်းချုပ်သာသနာမှ သက်တော် ၄၄ နစ်ရှိ ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ် (Fr. Donald Martin ရဲနိုင်ဝင်း )ကို ရွှေဘို ခရိုင် ​ ကံကြီးတော ကျေးရွာ ၊ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းတွင် ဒေသ လက်နက်ကိုင်တပ်မှ လူတချို့က သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီလို ဘာကြောင့်သတ်သလဲ။ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးကို လက်နက်မဲ့ သာသနာ့တာဝန်ထမ်းဆောင်သူကို ဘာအကြောင်း ကြောင့် သတ်သလဲ။ အဲဒီအပေါ်မှာတော့ သတ်ဖြတ်မှုအတွက် ကျူးလွန်သူတွေကို တာဝန်ရှိသူတွေက ထိရောက်တဲ့ အပြစ်ဒဏ်ချမှတ် အရေးယူပေးဖို့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို တောင်းဆိုပါတယ်။ မန္တလေးကက်သလစ်အသိုင်း အဝိုင်းမှာ ဆရာတော်ရဲ့ သတင်းကို ကြားပြီး ခရစ်ယာန် ဘာသာဝင်တွေအကြား စိတ်နှလုံး မချမ်းမြေ့ရဘူး။ ဒီလုပ်ရပ်ကို မေ့သွားတာမျိုး မဖြစ်စေဘဲ ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်။ အင်မတန်မှ ရုပ်ဆိုးအကျဉ်းတန်လွန်းပါတယ်” ဟု မန္တလေးကက်သလစ် ခရစ် ယာန်သာသနာမှ အမည်မဖော်ပြလိုသော ခရစ်ယာန်သာသနာပြု ဆရာတော်တစ်ပါးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အသတ်ခံလိုက်ရသည့် ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ်မှာ အေးချမ်းစွာ နေတတ်သူဖြစ်ပြီး သာသနာတော်အကျိုးကို အဓိက ကြိုးစား သာသနာပြုနေသူဖြစ်ကြောင်း၊ လူချစ်လူခင် ပေါများပြီး မန္တလေးဂိုဏ်းချုပ်သာသနာတွင် လူသိများသူတစ်ဦးလည်းဖြစ်ကြောင်း သိရှိရသည်။

ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးကမူ ခရစ်ယာန် ဘုန်းတော်ကြီးအသတ်ခံရမှုအတွက် ကျူးလွန်သူများကို ဖမ်းဆီး ထိန်းသိမ်း စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု သိရှိရသော်လည်း အသေးစိတ် မသိရှိရသေးကြောင်း၊ ယင်းအမှုအခင်းကို ခရိုင်အဆင့်နှင့်တိုင်းအဆင့် တိုက်ရိုက် ကိုင်တွယ်မည်ဟု မျှော်လင့်ရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သုံးသပ်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article