28 C
Yangon

လားရှိုးမြို့သိမ်းတိုက်ပွဲတွင် MNDAA ၏ စစ်သုံ့ပန်းဖြစ်ခဲ့သော ဗိုလ်မှူးချုပ် သန့်ထင်စိုး ဟိုပုံး တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းအုပ် အဖြစ်ခန့်အပ်ခံရပြီးနောက် စစ်မှုထမ်းတပ်သားများကို ကိုယ်တိုင် ထွက်ကြို

Must read

လားရှိုးမြို့သိမ်းတိုက်ပွဲတွင် MNDAA ၏ စစ်သုံ့ပန်းဖြစ်ခဲ့သော ဗိုလ်မှူးချုပ် သန့်ထင်စိုး ဟိုပုံး တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းအုပ် အဖြစ်ခန့်အပ်ခံရပြီးနောက် စစ်မှုထမ်းတပ်သားများကို ကိုယ်တိုင် ထွက်ကြို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့သိမ်းတိုက်ပွဲတွင် MNDAA ၏ စစ်သုံ့ပန်းဖြစ်ခဲ့သော ဗိုလ်မှူးချုပ် သန့်ထင်စိုး ဟိုပုံး တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းအုပ် အဖြစ်ခန့်အပ်ခံရပြီးနောက် စစ်မှုထမ်းတပ်သားများကို ကိုယ်တိုင် ထွက်ကြိုဆိုကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၁၀ သင်တန်းသားများ ဟိုပုံးတပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းသို့ စစ်မှုထမ်း စစ်သင်တန်းတက်ရန် ရောက်ရှိလာစဉ် ကျောင်းအုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး ကိုယ်တိုင် ထွက်၍ ကြိုဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဗိုလ်မှူးချုပ် သန့်ထင်စိုးကို ဟိုပုန်းကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီးအဖြစ် စစ်ကောင်စီက ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းစစ်ဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း MNDAA က လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ခဲ့ရာတွင် ရမခ တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်၊အမှတ် ၁ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့နှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article