29 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ကောင်စီက ပြည်ပနိုင်ငံတွေကနေ ခွင့်နဲ့မြန်မာနိုင်ငံကိုပြန်လာမယ့် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားအလုပ်သမားတွေကို ပြည်ပပြန်လည် ထွက်ခွာခွင့်မပြုတော့ တဲ့အမိန့်အသစ်ကို ချမှတ်လိုက်ပြန်ပြီလို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီက သူ့လက်အောက်ခံ Non CDM ဝန်ထမ်းတွေကို ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ က မဲမသမာမှု နဲ့ တရားမဲ့ ပြုကျင့်မှု စုံစမ်း တွေ့ရှိချက် အစီရင်ခံစာတွေကို ဝန်ထမ်းတိုင်း မဖြစ်မနေ ဖတ်ရမယ်ဆိုပြီး ထပ်မံ ညွန်ကြားလာပြန်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ အရာရှိ ၁ ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ပဲခူးတိုင်းက ကျောက်ကြီးမြို့နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ဂိတ်စခန်း ၃ ခုကို KNLA-PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၆ ဦးကတော့ အသီးသီးသေကုန် ကြတဲ့အပြင် ကျန်တဲ့စစ်သားတွေကတော့ ထွက်ပြေးကုန်ကြပြီး ၊ လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်း ရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article