24.6 C
Yangon

မြင်းခြံမြို့ အမှတ် ၁၈ ရပ်ကွက်တွင် ဆိုင်ကယ် စီးလာသော လက်နက်ကိုင် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်း၊ မြင်းခြံမြို့ အမှတ် ၁၈ ရပ်ကွက်တွင် ဆိုင်ကယ် စီးလာသော လက်နက်ကိုင် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း Freedom Fighter Guerrilla Force (FFGF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် မြင်းခြံမြို့ အမှတ် ၁၈ ရပ်ကွက်အတွင်း ဆိုင်ကယ်စီးလာသော လက်နက်ကိုင် ပျူစောထီး ၂ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း ပျူစောထီး ၂ ဦးလုံး သေဆုံးပြီး မြို့ပေါ်ထိ ဝင်ရောက် တိုက်ခိုက်ခြင်းကြောင့် လက်နက်များ သိမ်းဆည်းနိုင်ခဲ့ခြင်းမရှိဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ဆိုင်ကယ်နဲ့ လာတဲ့ ပျူ ၂ ကောင်ကို ပစ်ခတ် တိုက်ခိုက်ခဲ့တာ ၂ ကောင်လုံးသေတယ်။ ရပ်ကွက်ထဲဖြစ်တဲ့အတွက် စစ်ခွေး တပ်ကူတွေ အလျှင်အမြန်ရောက်ရှိလာတော့ လက်နက်တွေ ကောက်ယူနိုင်ခဲ့တာမရှိဘူး။ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်။ အကြမ်းဖက် စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်သွားမှာပါ” ဟု Freedom Fighter Guerrilla Force (FFGF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Freedom Fighter Guerrilla Force (FFGF) နှင့် မဟာမိတ်တပ်ဖွဲ့တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း စစ်ရေးအရှိန်မြင့်လာသည်နှင့်အမျှ အထူးဂရုပြု နေထိုင်ကြရန် မေတ္တာရပ်ခံကြောင်း FFGF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article