30 C
Yangon

AA က စစ်သုံ့ပန်း ဒုတိယ ရဲမှူးကြီး ၁ ဦးအပါအဝင် မိသားစုဝင် ၁၉၈ ဦးကို ထပ်မံလွှတ်ပေး

Must read

AA က စစ်သုံ့ပန်း ဒုတိယ ရဲမှူးကြီး ၁ ဦးအပါအဝင် မိသားစုဝင် ၁၉၈ ဦးကို ထပ်မံလွှတ်ပေး

ရန်ကုန်| ဖေဖော်ဝါရီ ၁၈

အာရက္ခတပ်တော် AA က စစ်သုံ့ပန်း ဒုတိယ ရဲမှူးကြီး ၁ ဦးအပါအဝင် မိသားစုဝင် ၁၉၈ ဦးကို ထပ်မံလွှတ်ပေးကြောင်း AA က သတင်းထုတ်ပြန်သည်။

လွှတ်ပေးလိုရသည့် စစ်သုံပန်း မိသားစုဝင်များထဲက ၁၉၈ ဦးကို အာရက္ခတပ်တော် AA က ယခုရက်ပိုင်းအတွင်းမှာ ထပ်မံလွှတ်ပေးလိုက်ကြောင်း၊ ပြန်လွှတ်ပေးခဲ့သည့် စစ်သုံ့ပန်းမိသားစုဝင် ၁၉၈ ထဲတွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားသော ဒုတိယ ရဲမှူးကြီး ၁ ဦးလည်း ပါဝင်ကြောင်း ၊စစ်သုံ့ပန်း မိသားစုဝင် အမျိုးသား ၅၁ ဦးနှင့် အမျိုးသမီး ၁၄၇ ဦးကို AA က လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း AA ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

အာရက္ခတပ်တော် AA က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်အတွင်းမှာလည်း စစ်သုံ့ပန်းမိသားစုဝင် ၁၁၆ ဦးနှင့် အရပ် သားအကျဉ်းသား ၂၆ ဦးကိုလည်း လွှတ်ပေးခဲ့ကြောင်း၊ ၎င်းတို့အားလုံးက အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားသော မြိုနယ်များက မဟုတ်သော သူများဖြစ်ပြီး ပြန်လွှတ်ပေး၍ရသည့် သူများကိုသာ AA က လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီသည် လက်လွှတ်ဆုံးရှုးထားရသော အရပ်သားများနေထိုင်ရာ မြိုရွာများနှင့် စစ်သုံပန်းများ ထားရှိရာနေရာများကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကို ပြုလုပ်နေသည်။

အာရက္ခတပ်တော် AA က ထိန်းသိမ်းစောင့်ရှောက်ထားသော စစ်သုံပန်းများထားရှိရာ မြောက်ဦးမြိုနယ်က ရမ်းချောင်းဒေသကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် စစ်သုံပန်း ၁၀၀ ကျော်သေဆုံးခဲ့ရပြီး ၁၀၀ ကျော်မှာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း AA က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ တတိယအပတ်အတွင်း ထပ်မံလွှတ်ပေးခဲ့သော စစ်သုံပန်းများနှင့် AA က တာဝန်ရှိသူများတို တွေ့ဆုံခဲ့ကြစဉ်။ (Photo- APM)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article