ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
အကြမ်းဖက် စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်မှုမှ ရှောင်တိမ်းရန် ထွက်ပြေးလာသော မြန်မာ နိုင်ငံသား ၁၁၆ ဦးကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြ သည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် ထိုင်းနိုင်ငံ၊ ထိုင်း-မြန်မာ နယ်စပ် ကန်ချနဘူရီ ခရိုင်၊ Sangkla Buri တွင် မြန်မာနိုင်ငံသား ၁၁၆ ဦးကို ဖမ်းဆီးရရှိခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရရှိသူများတွင် အမျိုးသမီး ၄၄ ဦးနှင့် ကလေးငယ် ၂ ဦး ၊ အမျိုးသား ၇၀ ဦးပါဝင်ကြောင်း၊ မြန်မာနိုင်ငံတွင် စစ်တပ်က ဆင့်ခေါ်နေသော စစ်မှုထမ်းအဖြစ်မှ ရှောင်တိမ်းရန် ထွက်ပြေးလာကြသည်ဟု ဖမ်းဆီးရရှိသူများက ထွက်ဆိုကြောင်း သိရှိရသည်။
ဖမ်းဆီးရရှိသူများက တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၈၀၀၀ မှ ၂၀၀၀၀ ဘတ် ပေး ၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်နှင့် မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ရန် အတွက် တရားမဝင် နယ်စပ်ဖြတ်ကျော်လာကြခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

