30.5 C
Yangon

စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်မှုမှ ရှောင်တိမ်းရန် ထွက်ပြေးလာသော မြန်မာနိုင်ငံသား ၁၁၆ ဦးကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

အကြမ်းဖက် စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်မှုမှ ရှောင်တိမ်းရန် ထွက်ပြေးလာသော မြန်မာ နိုင်ငံသား ၁၁၆ ဦးကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြ သည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် ထိုင်းနိုင်ငံ၊ ထိုင်း-မြန်မာ နယ်စပ် ကန်ချနဘူရီ ခရိုင်၊ Sangkla Buri တွင် မြန်မာနိုင်ငံသား ၁၁၆ ဦးကို ဖမ်းဆီးရရှိခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရရှိသူများတွင် အမျိုးသမီး ၄၄ ဦးနှင့် ကလေးငယ် ၂ ဦး ၊ အမျိုးသား ၇၀ ဦးပါဝင်ကြောင်း၊ မြန်မာနိုင်ငံတွင် စစ်တပ်က ဆင့်ခေါ်နေသော စစ်မှုထမ်းအဖြစ်မှ ရှောင်တိမ်းရန် ထွက်ပြေးလာကြသည်ဟု ဖမ်းဆီးရရှိသူများက ထွက်ဆိုကြောင်း သိရှိရသည်။

ဖမ်းဆီးရရှိသူများက တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၈၀၀၀ မှ ၂၀၀၀၀ ဘတ် ပေး ၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်နှင့် မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ရန် အတွက် တရားမဝင် နယ်စပ်ဖြတ်ကျော်လာကြခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article