30 C
Yangon

ဆားလင်းကြီးတွင် ကြေးနီစီမံကိန်းသို့ ကုန်ကြမ်းများ ပို့ဆောင်ရန်လာသည့် ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု Non CDM ဝန်ထမ်း ၃ ဦး အရှင်မိပြီး စစ်ကောင်စီ တပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ကြေးနီစီမံကိန်းသို့ ကုန်ကြမ်းများ ပို့ဆောင်ရန်လာသည့် ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ Non CDM ဝန်ထမ်း ၃ ဦး အရှင်မိပြီး စစ်ကောင်စီ တပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Brave Heart Army-BHA အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန်ဆိပ်ကမ်းမှ ဆာလ်ဖျူရစ် အက်ဆစ် သယ်ဆောင်လာသော အကြမ်းဖက် စစ်တပ်၏ တွဲကား ၂၈ စီး ၊ စစ်ကိုင်းတပ်မ ၃၃ မှ ထွက်လာသော စကစ တွဲကား ၁၈ စီး ၊ Jumper ကား ၅ စီးပါ ယာဥ်တန်းကို မုံရွာ-ချောင်းဦး လမ်းပိုင်း တစ်နေရာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ယာဉ် ၅ စီး ပျက်စီးသွားပြီးခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်၏ ပို့ဆောင်ရေးဌာနမှ ဝန်ထမ်း (ရုံးစာရေးကြီး) ၁ ဦး အပါအဝင် စုစုပေါင်း Non CDM ဝန်ထမ်း ၃ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ စစ်ကောင်စီ တပ်သားများ သေဆုံးမှုအရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“အကြမ်းဖက် စစ်ကောင်စီရဲ့ ကြေးနီ ယန္တယား လည်ပတ်မှုကို အဟန့်တစ်ခု အနေအထားထိ ဖြတ်တောက်ချင်လို့ တိုက်ခိုက်ခဲ့တာပါ။ ကြေးနီကို ပြန်ပြီး စစ်ကောင်စီရဲ့ ကျည်ထုတ်လုပ်မှု အနည်းငယ် အဟန့်တား ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်ပါ” ဟု Brave Heart Army-BHA အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်အမှတ် (၂) တပ်ရင်း၊ တပ်ခွဲ(၄) လက်ရုံးတပ် Brave Heart Army-BHA မှ ဦးဆောင်၍ Chindwin Fighter Group(CFG)၊ Golden Peacock Attack Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article