29 C
Yangon

မူးနှင့် ဆောထိ မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ပဲခူးတိုင်း၊ မူးမြို့နယ် နှင့် ဆောထိမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ ၅ နာရီ ၂၄ မိနစ်ခန့်တွင် မူးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ခမရ-၅၉၉ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၁၂၀ မမ လက်နက်ကြီး ၁ လုံး နှင့် ၈၁ မမ လက်နက်ကြီး ၁ လုံး တပြိုင်တည်း ပစ်ခတ်ခဲ့ရာ ဘန်းလောင်ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၆၀ အရွယ် ဒေါ်စိုးစိုးရီ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည ၉ နာရီခန့်ကလည်း အကြမ်းဖက် စစ်ကောင်စီတပ်သားများက နတ်သံကွင်းမှနေ၍ ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ရေလဲကရင်ရွာကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၁၇ နှစ်အရွယ် စောအယ်ကော်သဒါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်း ဆောထိမြို့နယ်အတွင်းရှိ ချုံအင်းကျေးရွာကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၇ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် လာရောက် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အသက် ၁၈ နှစ်အရွယ် နော်မူနီဖေါ ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံးပျက်စီးပြီး နွား ၂ ကောင်သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သးများက ပြည်သူများ နေထိုင်ရာ ကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များကို လက်နက်ကြီးများ ၊ ဒရုန်းများ ၊ တိုက်လေယာဉ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူများသည် ထိတ်တလန့် စိုးရိမ်ကြောက်ရွံ့မှု များစွာဖြင့် လုပ်ကိုင်စားသောက် နေထိုင်နေကြရကြောင်း KNU ဗဟိုကပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article