ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ချင်းပြည်ရှိ ချင်းတော်လှန်ရေးအဖွဲ့တွေက ခေါင်းဆောင်တွေအချင်းချင်း ဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီး လွတ်လပ်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိနဲ့ ချင်းဒေသကို အတူတကွ လက်တွဲ ထူထောင်ဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ-NUG က တိုက်တွန်းပြောလိုက်ပါတယ်။
- ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်မှုနဲ့ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးပြန်ပို့မှုခံရတဲ့ မြန်မာနိုင်ငံသား အမျိုးသားတွေအားလုံးကို စစ်ကောင်စီက စစ်မှုထမ်း တပ်သားတွေအဖြစ် အတင်းအကျပ် စစ်မှုထမ်းခိုင်း နေတယ်လို့ လွတ်မြောက်သူ CDM စစ်မှုထမ်းတပ်သား မောင်အောင်ဆက်ပိုင်က ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
- မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မဂျီရွာတွင် အထိုင်ချ တပ်စွဲထားတဲ့ စစ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
