32 C
Yangon

နတ်မြစ်အတွင်း ကျူးကျော်ရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တံငါသည် ၁၉ ဦးကို AA က ဖမ်းဆီး

Must read

ရန်ကုန်| ဖေဖော်ဝါရီ ၂၁

ရခိုင်ပြည်၊ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်၊ နတ်မြစ်အတွင်း ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တံငါသည် ၁၉ ဦးကို AA က ဖမ်းဆီးလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းဌာနများ၏ သတင်းဖော်ပြချက် အရ သိရှိရသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ကော့ဘဇားခရိုင်တွင် ရက္ခိုင့်တပ်တော် AA က စက်လှေ ၄ စင်းနှင့် ဘင်္ဂလားဒေ့ရှ် ရေလုပ်သား ၁၉ ဦးကို ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်တံငါသည်များမှာ ငါးဖမ်းပြီးနောက် ပြန်လာစဉ် နတ်မြစ်အတွင်းဥအဖမ်းခံရခြင်းဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဘင်္ဂလားဒေ့ရှ် တံငါသည်များကို ပြန်လည်ခေါ်ဆောင်ရန် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ကြိုးစားနေကြောင်း သိရှိရသည်။

အာရက္ခတပ်တော် AA ကမ်းခြေစောင့်တပ်ဖွဲ့က ရခိုင်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက် ငါးဖမ်းခြင်းများ နှင့် ကျူးကျော်ဝင်ရောက်လာသူများကို ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်နေပြီး မကြာခဏဆိုသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တံငါသည်များ ဖမ်းဆီးရရှိခဲ့ကာ ပြန်လည် လွှတ်ပေးလေ့ရှိသည်။

ဓာတ်ပုံ – AA က ပြန်လွှတ်ပေးလိုက်သော ဘင်္ဂလားဒေ့ရှ် တံငါသည်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

AA က ပြန်လွှတ်ပေးလိုက်သော ဘင်္ဂလားဒေ့ရှ် တံငါသည်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article