32 C
Yangon

မင်းတုန်းမြို့နယ်တွင် စစ်ကားနှင့် စစ်စခန်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေကာ အများအပြားထိခိုက်ဒဏ်ရာရ

Must read

မင်းတုန်းမြို့နယ်တွင် စစ်ကားနှင့် စစ်စခန်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေကာ အများအပြားထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ အလယ်ချောင်းရဲစခန်းအနီး သရက်-မင်းတုန်းလမ်းပိုင်းတစ်နေရာတွင် သရက်မြို့နယ် အခြေစိုက် ကပစ ၁၂ မှ ထွက်လာသော အဖြူရောင်ဖောကားတစ်စီးကို ခြုံခို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦး သေဆုံးပြီး အရာရှိ ၂ ဦးအပါအ၀င် ၄ ဦး ဒဏ်ရာအပြင်းထန်ရရှိသွားကြောင်း Upper Minhla PDF က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန် စစ်ကားကို ခြုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက် ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်သားများပါသည့် ကားသည် မောင်းပြေးသွားကြောင်း၊ ယင်းနောက် ပစ်ခတ်မှုဖြစ်သည့်နေရာနှင့် ၁ မိုင်ကျော်အကွာရှိ စိုင်ဒိုးကျေးရွာအရောက် ယာဉ်မောင်း သေဆုံးကာ လမ်းဘေးသို့ထိုးကျ ကားရပ်သွားခဲ့ကြောင်း၊ ကားပေါ်တွင် ပါလာသော အကြမ်းဖက်စစ်ကောင်စီဝင် ၈ ဦး သေဆုံးပြီး အရာရှိ၂ ဦးအပါအ၀င် ၄ ဦး ဒဏ်ရာအပြင်းထန်ရရှိသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်သားများ၏ သေဆုံးသွားသော အလောင်းများကို ကပစ ၁၂ သို့ အရပ်သားကားများဖြင့် သယ်ထုတ်သွားပြီး ဒဏ်ရာရရှိသည့် အရာရှိများကို မကွေးစစ်ဆေးရုံသို့ ပို့ခဲ့ကြောင်း၊ အခြားအဆင့် စစ်သား ၂ ဦးကို မင်းတုန်းဆေးရုံတွင် လုံခြုံရေးများချ၍ အရေးပေါ်ကုသမှုများ လုပ်ခဲ့ကြကြောင်း Upper Minhla PDF အဖွဲ့က သတင်းထုတ်ပြန်သည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၂ နာရီ ၂၀ မိနစ်ဝန်းကျင်အချိန် မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာ ကားလမ်းပေါ်ရှိ မင်းတုန်းမြို့နယ် ကျောက်တိုင်ဆေးရုံတွင် စခန်းချကာ ပြည်သူများကို ဒုက္ခပေးနေသော အင်အား ၅၀ ဝန်းကျင်ရှိ စစ်တပ်စခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ရဲ ၂ ဦး သေကာ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုသည် တိုက်ပွဲ ကြာချိန် မိနစ် ၄၀ ကြာသည်ထိ စခန်း မရရှိသေးဘဲ အပြင်အထန် တိုက်ခိုက်နေရသဖြင့် ခဲယမ်း မလုံလောက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ စစ်ရေးလှုပ်ရှားမှုများကို မကွေးတိုင်း ပကဖ အထူးလှုပ်ရှားတပ် (USB Army) က ဦးဆောင်ကာ မင်းတုန်းမြို့နယ် ပကဖ / အထက်မင်းလှ မြို့နယ် ပကဖ တို့ ပူးပေါင်းပါ၀င်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article