28 C
Yangon

ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်မှ စစ်ယာဉ်တန်းဖြင့် ဆုတ်ခွာလာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ

Must read

ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်မှ စစ်ယာဉ်တန်းဖြင့် ဆုတ်ခွာလာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်းများ သယ်ဆောင်ပြီး စစ်ယာဉ်တန်းဖြင့် ဆုတ်ခွာလာသော စစ်တပ်စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိခဲ့ကြောင်း CDF – Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်အချိန် ငဖဲမြို့နယ်ရှိ နတ်ရေကန် လေကြောင်း ရန်ကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်းများ သယ် ဆောင်ကာ ဆုတ်ခွာလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၁၀၀ ခန့်ပါ ယာဉ်တန်းကို ပျဉ်းဝစစ်ဆေးရေးဂိတ် အနောက်ဘက် မီတာ ၃၀၀၀ ခန့် အကွာ နတ်ရေကန်လမ်းဟောင်း၌ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း စစ်ယာဉ်တန်း ၄ စီးထဲမှ ၁ စီးပျက်စီးကာ ၁ စီး မီး လောင်ကျွမ်းခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦး ပွဲချင်းပြီး သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း များပြားကြောင်း၊ သေဆုံးသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ လက်နက်ငယ် ၄ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်ယာဉ်တန်းကို ရှင်းလင်းရေး ဆောင်ရွက်နေစဉ် တော် လှန်ရေး ရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက် ပေးလှူသွားခဲ့ပြီး ဒဏ်ရာရ ၁ ဦးမှာ မစိုးရိမ်ရကြောင်း သိရသည်။

“လတ်တလောမှာတော့ တိုက်ခိုက်မှု တိုက်ပွဲတွေက မြေပြန့်နားကို နီးကပ်လာပြီ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ တိုက်ပွဲတွေနဲ့ နီးစပ်တဲ့ နေရာတွေမှာ နေထိုင်ကျတဲ့ ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိဖို့ အကြမ်းဖက် စစ်ကောင်စီ အနေနဲ့ကတော့ တိုက်ခိုက်တဲ့ အခါမှာ ရန်သူအချင်းချင်း စစ်ကိုစစ်လိုမတိုက်ဘဲနဲ့ ရန်သူ ဘက်ကို တိုက်ခိုက်တာမျိုးထက် ကျေးရွာတွေကို ဦးတည်ပြီးတော့မှ လက်နက်ကြီး ပစ်တာတွေ လေယာဉ်နဲ့ ဗုံးကျဲတာတွေ အဲလိုမျိုး ဖြစ်နိုင်တဲ့ အတွက်ကြောင့်မို့လို့ ပြည်သူတွေ ဂရုတစိုက် နေထိုင်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု CDF – Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောဆိုသည်။

မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် AA နှင့် တော်လှန်ရေးပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ အရေးနိမ့်ထွက်ပြေး ဆုတ်ခွာနေရကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article