32 C
Yangon

နွားထိုးကြီးမြို့နယ်၊ မာန်လည်ရွာနှင့် ကလေးမြို့နယ်၊ နတ်ချောင်းတိုက်နယ်ဆေးရုံကို စစ်တပ်က လေယာဉ်များဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ်နှင့်ဆေးရုံများ ပျက်စီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ မာန်လည်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် မီးလောင်ဗုံးများ ကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နွားထိုးကြီး PDF မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းနှင့် နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က နွားထိုးကြီးမြို့နယ်၊ မာန်လည်ကျေးရွာကို လေယာဉ်ဖြင့် မီးလောင်ဗုံးများ ကျဲချ တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်တချို့ မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

“နံနက် အစောပိုင်း ၁ နာရီခန့်မှာ စစ်ခွေးတွေ လေယာဉ်နဲ့ မီးလောင်ဗုံးကျဲချတယ်လို့ သိရပါတယ်။ ပေါင်ဗုံးသီး မဟုတ်ပါဘူး။ ပြည်သူ ၂ ဦး မစိုးရိမ်ရ ဒဏ်ရာ ရတယ်လို့ သိရပါတယ်။ အိမ်အချို့ မီးလောင်ပျက်စီးတယ်” ဟု နွားထိုးကြီး PDF မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းနှင့် နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ နတ်ချောင်းရွာ တိုက်နယ်ဆေးရုံကို အကြမ်းဖက် စစ်တပ် လေကြောင်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ကလေးမြို့နယ် တောင်ပိုင်းရှ နတ်ချောင်းတိုက်နယ် ဆေးရုံကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ ထိခိုက်မှုမရှိသော်လည်း အဆောက်အဦး အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။

“ပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့တော့ သိရတယ်။ ဒါပေမယ့် ဆေးရုံဝင်းအတွင်းက အဆောက်အဦး အများအပြား ပျက်စီးသွားတယ်လို့တော့ သိရတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် နတ်ချောင်း တိုက်နယ် ဆေးရုံကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အဆောက်အဦး အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ၏ လေယာဥ်ဖြင့် ဗုံးကျဲမှုကြောင့် မီးလောင်ပျက်စီးနေသော နေအိမ်တစ်လုံး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ၏ လေယာဥ်ဖြင့် ဗုံးကျဲမှုကြောင့် မီးလောင်ပျက်စီးနေသော နေအိမ်တစ်လုံး။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article