32 C
Yangon

မကွေးတွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် သက်ရင်းတောရွာအုပ်စု အုပ်ချုပ်ရေးမှူး သန်းဇော် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

မကွေးတိုင်း၊ မကွေးမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် သက်ရင်းတောရွာအုပ်စု အုပ်ချုပ်ရေးမှူး သန်းဇော်ကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မကွေးပြောက်ကျားတပ် တာ၀န်ခံ ကံကြီးမောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် မကွေးမြို့နယ်၊ ညောင်ကန် တိုက်နယ်၊ သရက်တောအုပ်စု အုပ်ချုပ်ရေးမှူး သန်းဇော်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က နေအိမ် အတွင်းဝင်ရောက်ပြီး သေနတ်ဖြင့် ၄ ချက်ပစ်ခတ်ရှင်းလင်းခဲ့ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

“မနေ့က ပစ်ခတ် တိုက်ခိုက်ခဲ့တာ နေရာမှာ ပွဲချင်းပြီးသေဆုံးပါတယ်။ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု မကွေးပြောက်ကျားတပ် တာ၀န်ခံ ကံကြီးမောင်က ပြောဆိုသည်။

သေဆုံးသွားသော သက်ရင်းတောအုပ်စု အုပ်ချုပ်ရေးမှူး သန်းဇော် သည် စစ်ကောင်စီ အလိုကျ စစ်မှုထမ်း ကြေးများ အတင်း အဓမ္မကောက်ခံခြင်း၊ စစ်မှုထမ်းရန်မဲပေါက်သည့် လူငယ်လူရွယ်များကို ထွေအုပ် ဝန်ထမ်းတချို့နှင့် ပူးပေါင်းကာ လူစားထိုးပေါင်စားခြင်း၊ ခက်ခဲကြပ်တည်းနေချိန် ပြည်သူကိုမျက်နှာ မမူဘဲ စစ်အုပ်ချုပ်ရေး စေခိုင်းတာ မှန်သမျှ လုပ်ဆောင်ခြင်းတို့ကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကိုကံကြီးမောင်က ဆက်လက်ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့)၊ ဒေါင်းစစ်သည် ပြောက်ကျားတပ် (နတ်မောက်) နှင့် Taungdwingyi Fighter Force (LPDF) တို့က ပူးပေါင်းကာ လုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူလူထုကို ဆက်လက် ဒုက္ခ ပေးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် စစ်တပ် ဒေါက်တိုင်များကို မကွေးပြောက်ကျားတပ်မှ တော်လှန်ရေး ရဲဘော်များနှင့် ညီနောင် မဟာမိတ် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဖက်ဆစ် အာဏာရှင်စနစ်ကျဆုံးသည်အထိ တိုက်ခိုက်ချေမှုန်း ပစ်ခတ်ရှင်းလင်းသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိ ရာနေရာများနှင့် ခပ်ဝေးဝေးတွင် နေထိုင်ကြရန် မေတ္တာရပ်ခံထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article