25 C
Yangon

ငဖဲနှင့်ကသာမြို့နယ်တို့တွင် ဘုန်းကြီးကျောင်းနှင့် ဟဲနားကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရ

Must read

ငဖဲနှင့်ကသာမြို့နယ်တို့တွင် ဘုန်းကြီးကျောင်းနှင့် ဟဲနားကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ လင်းတဲရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ငဖဲမြို့နယ်၊ လင်းတဲရွာ ဘုန်းကြီးကျောင်း ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၂ ဦးသေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို ထိခိုက် ဒဏ်ရာရရှိသူများထဲတွင် ဒဏ်ရာပြင်းထန်သူများလည်း ပါဝင်ပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း၊ ပြည်သူပိုင် နေအိမ် ၃ လုံးလည်း မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။

“လင်းတဲကျေးရွာကို စစ်ခွေးတွေ လေယာဥ်နဲ့ဗုံးကျဲ တိုက်ခိုက်တာ အသက်ကြီးပိုင်း အမျိုးသမီး ၁ ဦးနဲ့ လူလတ်ပိုင်း အမျိုးသား ၁ ဦးသေဆုံးတယ်။ ၁၃ ဦး ထိခိုက် ဒဏ်ရာရတယ်။ နေအိမ် ၂ လုံးလည်း မီးလောင် ပျက်စီးသွားတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ ဒဏ်ရာပြင်းထန်တဲ့ သူတွေပါတယ်။ ဘုန်းကြီးကျောင်းကိုကျဲသွားတာ လူစုတွေ့ရာကျဲတာ အကုန်လုံး ပြည်သူတွေပါ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ဟဲနားကျေးရွာ အုပ်စုကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၆ လုံးပျက်စီးခဲ့ကြောင်း ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်နှင့် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကသာမြို့နယ်၊ ဟဲနားကျေးရွာ အုပ်စုအတွင်းကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး လိုင်းကြိုးမျာ လူနေအိမ် ၆ အိမ်လုံး အနည်းငယ် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“ပြည်သူ ၃ ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာ အနည်းငယ်ရရှိတယ်။ လိုင်းကြိုးတွေပြုတ်ကျပြီး တိုင် ၁ တိုင်လည်း ကျိုးကျမှုဖြစ်တယ်။ လူနေအိမ် ၆ အိမ် အနည်းငယ် ထိခိုက်ပျက်စီးတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ပြည်သူတွေကို ပစ်ခတ်ထားပြီး တိုက်ခိုက်တာက အကြမ်းဖက် စစ်တပ် အနေနဲ့ အကြောက်တရားပေးတဲ့ပုံစံရယ် အကြမ်းဖက်ချင်တာရယ်ကြောင့်ပဲဖြစ်တယ်” ဟု ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article