33 C
Yangon

ကျားဖြန့်ငွေလိမ်ဂိုဏ်းများ တိုက်ဖျက်ရေး ထိုင်း၊ မြန်မာနှင့်တရုတ် ကိုယ်စား လှယ်များ တွေ့ဆုံ ဆွေးနွေးပြီး တိုက်ဖျက်ရေးစင်တာ ထူထောင်မည်ဟုဆို

Must read

ကျားဖြန့်ငွေလိမ်ဂိုဏ်းများ တိုက်ဖျက်ရေး ထိုင်း၊ မြန်မာနှင့်တရုတ် ကိုယ်စား လှယ်များ တွေ့ဆုံ ဆွေးနွေးပြီး တိုက်ဖျက်ရေးစင်တာ ထူထောင်မည်ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ထိုင်း-မြန်မာနယ်စပ်တွင် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ တိုက်ဖျက်ရေး ထိုင်း၊ မြန်မာနှင့်တရုတ်နိုင်ငံမှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမည်ဖြစ် ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Phumtham Wechayachaiက ပြောဆိုသည်။

ထိုင်းနိုင်ငံ၊ မြန်မာနှင့် တရုတ်နိုင်ငံတို့မှ ကိုယ်စားလှယ်များက လာမည့်သီတင်း ပတ်တွင် တွေ့ဆုံမည်ဖြစ်ပြီး မြန်မာ နိုင်ငံမှ ကျားဖြန့် ငွေလိမ်ဂိုဏ်းများ ဖြိုခွင်းမှုဆိုင်ရာ နောက်ဆုံးအခြေအနေများကို ဆွေးနွေးမည်ဖြစ်ကြောင်း၊ ထို့ပြင် မြ၀တီတွင် နယ်ခြားစောင့်တပ် (BGF) နှင့်DKBAတို့က ထိန်းသိမ်းထားသော နိုင်ငံခြားသား ၇၀၀၀ နီးပါးကို နေရပ်ပြန်ပို့ရန် ကိစ္စကိုလည်း ဆွေးနွေးမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

ထို့ပြင် ကျားဖြန့်ဂိုဏ်းများမှ ပြန်လည် ထွက်ခွာလာသော တရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံသို့ လေကြောင်းခရီးစဉ်ဖြင့် လွှဲပြောင်းလျက်ရှိကြောင်း၊ တရုတ်နိုင်ငံသားများကို ပထမအသုတ် စေလွှတ်သကဲ့သို့ပင် ထပ်မံ လွှဲပြောင်းမည်ဖြစ်ကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံသားများအနက်မှ ကျူးလွန်ခံရသူများ (သို့မဟုတ်) ပြစ်မှုကျူးလွန်သူများကို တရုတ်အာဏာပိုင်များက စိစစ်ဆောင် ရွက်နေပြီး ၎င်းတို့ကို နေရပ်ပြန်မပို့မီ ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးမည်ဖြစ် ကြောင်း၊ အခြားနိုင်ငံသားများသည် ၎င်းတို့၏ သံရုံးများထံမှ အကူအညီများ ရရှိနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြဝတီမြို့တွင် ထိန်းသိမ်းထားသော နိုင်ငံခြားသားများ များပြားနေမှုမှာ စိုးရိမ်စရာဖြစ်ပြီး နိုင်ငံများအကြား ညှိနှိုင်းဆောင် ရွက်မှု လျှင်မြန်စွာ ပြီးစီးရန် လိုအပ်ကြောင်း ၊ နိုင်ငံခြားသားများ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ရေး အဆင် ပြေချောမွေ့စေရန် သက်ဆိုင်ရာ နိုင်ငံများနှင့် လက်တွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။

လာမည့်ရက်ပိုင်းအတွင်း နိုင်ငံတကာအွန်လိုင်း မှုခင်းကြိုတင်ကာကွယ်ရေးစင်တာ ထူထောင်ရန်လည်းရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article