26 C
Yangon

က​လေးဝမြို့နယ်နှင့် ကံမ မြို့နယ်တွင် စစ်ကောင်စီ တပ်သား ၃ ဦး သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်

Must read

က​လေးဝမြို့နယ်နှင့် ကံမ မြို့နယ်တွင် စစ်ကောင်စီ တပ်သား ၃ ဦး သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

စစ်ကိုင်းတိုင်း၊ က​လေးဝမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၁ ဦး သေနတ် ၁ လက်နက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ကလေး၀မြို့နယ် တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် က​လေးဝမြို့နယ် ​တော်လှန်ရေးအဖွဲ့ထံ စစ်ကောင်စီ တပ်သား ၁ ဦး သေနတ် ၁ လက်နက်၊ ကျည်ဘောက် ၁ ခုနှင့် ကျည်ဆံများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘယ်တပ်ရင်းကနေပြီး အလင်းဝင်လာတယ်ဆိုတာတော့ မသိရသေးဘူး။ ကျွန်တော်တို့ မြို့နယ် တပ်ရင်းကို ပြန်မေးနေတယ်။ ၂၂ ရက်နေ့လောက်က ဝင်တယ်။ သူ့ မိသားစုဆီ ပြန်ချင်တယ်ဆိုလည်း ကျွန်တော်တို့က ခွင့်ပြုတယ်။ ထောက်ပံ့ရေးအနေနဲ့ ငွေရေးကြေးရေးရော အခု နေရေးထိုင်ရေးရော အားလုံး ကျွန်တော်တို့ စီစဉ်ပေးထားတယ်။ လွတ်မြောက်တဲ့ နေရာရောက်ပြီးတော့မှ ချီးမြှင့်တဲ့ အခမ်းအနား အဲဒီကတပ်ရေးအရာရှိကို ကျွန်တော် မေးပြီးမှ ကျွန်တော် အကြောင်းပြန်ပေးလို့ရမှာပါ”ဟု ကလေး၀မြို့နယ် တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

ထိုအလင်းဝင်ရောက်လာသော စစ်ကောင်စီ တပ်သားကို မြို့နယ်တော်လှန်​ရေးအဖွဲ့များ ကိုယ်စား က​လေးခရိုင်ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်၊အမှတ် ၉ တပ်ရင်း တပ်​ရေးအရာရှိမှ ​ထောက်ပံ့​ငွေ ကျပ်သိန်း ၅၀ ​ပေးအပ်ချီးမြှင့်ထားကြောင်းသိရှိရသည်။

အလားတူ မကွေးတိုင်း၊ ကံမမြို့နယ် မြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦးနှင့် တပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၇ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး လက်နက်မပါဘဲ အလင်းဝင်ရောက် ခဲ့ကြောင်း ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် တပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၇ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ဝေလင်းနှင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကံမမြို့နယ် မြို့မရဲစခန်း မှ ရဲတပ်သား ထွန်းအောင်တို့သည် အလင်းဝင်ရန် ချိတ်ဆက်လာသောကြောင့် ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကယ်ဆယ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အလင်းဝင်လာသူ ၂ ဦးကို ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆက်လက် စောင့်ရှောက်ထားပြီး လုံခြုံသောနေရာတစ်ခုတွင် ထားရှိထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article