34 C
Yangon

ကျိုက်မရောတွင် နေ့ရောညပါ လောင်းကစား၀ိုင်းများကို စစ်တပ်၊ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့များက ထူထောင်ကစားခွင့်ပြုထားပြီး အခွန်အခကောက်ယူနေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် နေ့ရောညပါ လောင်းကစား၀ိုင်းများ စစ်တပ်၊ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့များက ထူထောင်ကစားခွင့်ပြုထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်တပ်၊ရဲနှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်ကိုယ်တိုင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရန်မျိုးအောင် ရပ်ကွက် ၅ မွန်စုပိုင်းတွင် နေ့ရော ညပါ လောင်းကစား၀ိုင်းများ ပြုလုပ်နေကြောင်း၊ ယင်းလောင်းကစား၀ိုင်းများထံမှ အခွန်နှင့်ငွေကြေးများ ကောက်ယူကြောင်း၊ လောင်းကစားဝိုင်းများကို ကျိုက်မရောမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ရပ်ကွက်ကျေးရွာလူကြီးများက အရေးယူမှုမရှိဘဲ ပူးပေါင်းငွေကြေးရယူနေကြောင်း သိရှိရသည်။

“အခုက ကျောင်းသားကျောင်းသူတွေ စားမေးပွဲ ဖြေဆိုရတော့မယ်ကာလ ရောက်ပေမယ့် လောင်းကစား၀ိုင်းတွေက နေ့ရော ညပါ ဆူညံနေတယ်။ လောင်းကစား၀ိုင်းနောက်ဆက်တွဲက လူဆိုး သူခိုးတွေကလည်း ပေါမှ ပေါ ဖြစ်လာတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

မွန်ပြည်နယ်အတွင်း လောင်းကစား၀ိုင်းများကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များနှင့် ပျူစောထီးများကလည်း ရန်ပုံငွေရရှိရေးအတွက် ဖွင့်လှစ်မှုများရှိပြီး ယင်းအဖွဲ့များကိုလည်း စစ်တပ်နှင့်ရဲများက အရေးယူမှုမရှိကြောင်း သိရှိရသည်။

“ကျိုက်မရောမှမဟုတ်ဘူး အခြား မြို့နယ်တွေမှာလည်း ပြည်သူ့စစ် ရန်ပုံငွေအတွက် အာဝါဒေးပွဲတွေ လုပ်ခွင့်ပေးထားတယ်။ ပြည်သူ့စစ်တွေအတွက် ထိပ်ပိုင်းက ငွေမချပေးနိုင်တော့ အောက်မှာ လောင်းကစားနဲ့ အာဝါဒေးပွဲတွေ လုပ်ပြီး ငွေရှာကြတာက မွန်ပြည်နယ်တစ်ခုလုံးမှာပဲ။ အဲဒါတွေကို စစ်တပ်ရော ရဲရောက အရေးယူတာမရှိဘူး။ ကျနော်တို့ဆီ တိုင်တာတွေလည်း ရှိတယ်။ ကျနော်တို့ကတော့ ဆက်စပ်နယ်မြေထဲဆိုရင် အဲဒါတွေ မဖြစ်အောင်တော့ တားဆီးတယ်” ဟု NUG တောင်ပိုင်း တိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ နယ်မြေခံတပ်တာဝန်ခံတစ်ဦးက ဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article