ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
ချင်းပြည်နယ်တွင် အကွဲအပြဲ ဖြစ်ခဲ့သည့် ချင်းပြည်ကောင်စီနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီတို့အကြား ပြန် လည် ပေါင်းစည်းပြီး ချင်းအမျိုးသားကောင်စီအဖြစ် ပြန်လည်ဖွဲ့စည်းရန် သဘောတူလိုက်ကြောင်း အဆိုပါ နှစ်ဖွဲ့စလုံးက ထုတ်ပြန်ကြေညာလိုက်သည်။
ချင်းပြည်နယ်မှ ချင်းတိုင်းရင်းသား ပြည်သူများအတွက် ကောင်စီ ၂ ခုရှိနေခြင်းမှာ မဖြစ်သင့်ဟု နှစ်ဖက် လက်ခံယုံကြကြသဖြင့် ချင်းပြည် (Chinland) ကောင် စီနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့က ကောင်စီအသစ်အဖြစ် ပေါင်းစည်းရန်သဘောတူညီခဲ့ကြပြီး ထိုကောင်စီအမည်ကို ချင်းအမျိုးသားကောင်စီ(Chin National Council ) ဟု ခေါ်တွင်ရန်သဘောတူညီကြကြောင်း နှစ်ဖက်စလုံးက ထုတ်ပြန်ကြေညာသည်။
ထို့ပြင် ချင်းအမျိုးသားကောင်စီအမြန်ဆုံးပေါ်ပေါက်လာနိုင်ရေးအတွက် ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းရန်သဘော တူညီထားကြောင်း သိရှိရသည်။
ချင်းပြည် (Chinland) ကောင်စီသည် နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းဖြစ်ပြီး ယင်းချင်းပြည်ကောင်စီလက်အောက်တွင် ချင်းအမျိုးသားတပ်ဦး (CNF/CNA) ၊ PDA – Tedim ၊ CDF -–Matupi တပ်မဟာ ၂ ၊ CDF – Lautu ၊ CDF – Tongzang ၊ CDF – Zotung၊ CDF – Hakha ၊ CDF / CDM SIYIN၊ CDF – KKG၊ CDF – Mara ၊ CDF – Paletwah ၊ CDF – Zanniatram နှင့် Mindat Council စသည့် ချင်းပြည်နယ်အခြေပြု လက်နက်ကိုင်အဖွဲ့များ ပါဝင်သည်။
ကြားကာလချင်းအမျိုးသားကောင်စီ (ICNCC) တွင် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ၊ ZFU / PDF – Zoland၊ CDF – Mindat ၊ CDF – Kanpalet ၊ CDF -–Matupi တပ်မဟာ ၁ ၊ MTC/ MDF စသည့် ချင်းတိုင်းရင်းသား လက် နက်ကိုင် အဖွဲ့များ ပါဝင်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
