ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီရဲ့ နေပြည်တော် စစ်ရုံးအတွင်း နေ့စဉ် ပြုလုပ်တဲ့ စစ်ဘက်ဆိုင်ရာ JOC အစည်းအဝေးတွေမှာ အကြမ်းဖက် မင်းအောင်လှိုင်က ဒုစစ်ခေါင်းဆောင် စိုးဝင်းအပေါ် အော်ဟစ်ဆဲဆို ငေါက်ငမ်းမှုတွေ မကြာခဏ လုပ်ဆောင်နေပြီး အခြားသော ထိပ်တန်းစစ်ဗိုလ်ချုပ်တွေပါ အပြော အဆိုခံနေရတယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မကွေးတိုင်းက ငဖဲမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီဘက်က ဒုရဲအုပ် ရန်နိုင်ဌေး ဦးဆောင်တဲ့ ရဲတပ်ဖွဲ့လိုက်ပါလာတဲ့ကားကို တော်လှန်ရေးပူးပေါင်းတပ်တွေက အသင့်စောင့်ပြီး တိုက်ခိုက် ခြေမှုန်းရာမှာ ရဲ ၃ ဦးကတော့ နေရာမှာပဲ ပွဲချင်းပြီးကို သေသွားတဲ့အပြင် ၊ အဲဒီံရဲတွေရဲ့ လောင်းတွေ ဆီကနေ သေနတ် ၂ လက်ကိုပါ သိမ်းဆည်းရရှိထားတယ်လို့ သရက်ခရိုင် PDF အမှတ် ၅ တပ်ရင်းရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်းက ပုလဲမြို့နယ်မှာ ထန်းလှီးဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သား နဲ့ ပျူစောထီးတွေကို တော်လှန်ရေးရဲဘော်တွေက ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၂ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
