ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ဂိတ်စခန်းမှ ထွက်လာသော သံပြားကာ ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Seven People Defense Force – SPDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန် ချောင်းဦးမြို့နယ်၊ နတ်ရေကန် ကျေးရွာ ရှိ အကြမ်းဖက်စစ်ကောင် စီတပ် ဂိတ်စခန်းမှ ထွက်လာသည့် သံပြားကာ စစ်ကား ၁ စီးကို မုံရွာ -မန္တလေး လမ်းမကြီးပေါ် နတ်ရေကန်ကျေးရွာနှင့်ချောင်းဦးမြို့ကြားတနေရာ အရောက် ပဒေသာမိုင်း ၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ စစ်သား ၅ ဦးအပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
“ကားက ရုတ်တရက်ထွက်လာတာဆိုတော့ သိပ်ပြင်ဆင်ချိန်မရလိုက်ဘူး။ မိုင်းဆွဲပြီးတော့ ချောင်းဦး မြို့ထဲကို ဝင်သွားတယ်၊ ဒဏ်ရာရတဲ့ စခတွေကို ချောင်းဦးဆေးရုံကို ပို့ထားပြီးတော့ ကားကတော့ မုံ ရွာမြို့ဘက်ကို ဆက်ထွက်သွားတယ်လို့ သိရတယ်။ ကင်းပုန်း ၇၀ လောက်ချထားတဲ့ကြားကနေ ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရတာပါ။ မုံရွာ -မန္တလေးလမ်းမကြီးပေါ်သွားလာနေတဲ့ ပြည်သူတွေ အနေနဲ့ အသွားအလာ ဆင်ခြင်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု Seven People Defense Force – SPDF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Seven People Defense Force – SPDF ၊ Yae Nagar People Defense Force နှင့် ချောင်းဦးမြို့နယ် ပကဖ ပြည်သူ့လုံခြုံရေးအဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
