24.6 C
Yangon

မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကြေးနီ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု ကား ၁ စီး တိမ်းမှောက်ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်မှု များပြား

Must read

မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကြေးနီ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု ကား ၁ စီး တိမ်းမှောက်ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်မှု များပြား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကြေးနီ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ ကား ၁ စီး တိမ်းမှောက်ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်မှုများပြားကြောင်း လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ မှ ဗိုလ်မိုးကြိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာ-မန္တလေး လမ်းပိုင်း တစ်နေရာ၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လုံခြုံရေး အစောင့်အရှောက်အဖြင့် ကြေးနီးများ သယ်ဆောင်လာသော ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက အသင့်စောင့်ကြိုပြီး ပဒေသာ အတွဲလိုက်မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ကြေးနီ ကား ၁ စီး တိမ်းမှာက် ပျက်စီးသွားပြီး အခြား ကြေးနီ ကား ၁ စီး ခေါင်းပိုင်း ထိခိုက်ကြေမွ ပျက်စီးခဲ့ကြောင်း သိရသည်။

ကားခေါင်းပိုင်း ထိခိုက်ပျက်စီးသွားသာ ကြေးနီကားကို အကြမ်းဖက် စစ်တပ်က လုံခြုံရေး အပြားအများဖြင့် ပြန်လည် ပြုပြင် ပြီးနောက် ဆက်လက် မောင်းနှင့်သွားကာ တိမ်းမှာက်နေသော ကားကို လက်ရှိ အချိန်ထိ မုံရွာ – မန္တလေး လမ်းပိုင်းတွင် ပြုပြင်နေဆဲဖြစ်ကြောင်း သိရှိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား အများအပြား ထိခိုက်ခဲ့ပြီး ချောင်းဦးမြို့ ဆေးရုံကြီးတွင် ‌‌‌‌‌‌‌အရေးပေါ် ဆေးကုသမှု ခံယူနေပြီး ဒဏ်ရာ ပြင်းထန်သော စစ်သားများကို ယနေ့ ညနေပိုင်းတွင် မန္တလေးသို့ ပို့ဆောင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

“ကား ခေါင်းပိုင်း ထိခိုက်ပျက်စီးသွားတဲ့ ကြေးနီသယ် ကားကိုတော့ စစ်ခွေး လုံခြုံရေး အများအပြားနဲ့ ပြန်လည် ပြုပြင် ပြီးနောက် ဆက်လက် မောင်းနှင်သွားတယ်။ တိမ်းမှာက်နေတဲ့ ကားကတော့ ချောင်းဦးမြို့နဲ့ မြင်းမူမြို့ အကြား လမ်းပိုင်းတစ်နေရာမှာ ရှိနေသေးတယ်။ စစ်ခွေး အများအပြား ထိခိုက်မှုရှိပါတယ်။ ချောင်းဦး မြို့ ဆေးရုံကြီးမှာ အရေးပေါ် ဆေးကုသမှု ခံယူနေတယ်။ အခြေအနေမကောင်းတဲ့ စစ်ခွေးတွေကိုတော့ ဒီနေ့ ညနေပိုင်း မန္တလေး ပြန်လည် သယ်ဆောင်ကြမယ်လို့ သိရတယ်” ဟု လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ မှ ဗိုလ်မိုးကြိုးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ ၊ Nway Oo Brothers Column နှင့် Royal Tiger Force (ဆားလင်းကြီး) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article