36.3 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်ကျော်ကို အာဂျင်တီးနား တရားရုံးက ဖမ်း၀ရမ်းထုတ်ထားအပေါ် ဖြေရှင်းဖို့အတွက် တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီကို NLD ပါတီက ဖွဲ့စည်းမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-ဗဟိုအလုပ်ကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြင့်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် ခလရ ၃၁ တပ်ရင်းရဲ့ ပူလူတူစစ်စခန်း ကို KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်ပွားပြီး ဒေသပြည်သူ ၁၀၀ ခန့် ထိုင်းနိုင်ငံဘက် အခြမ်းကို ထွက်ပြေးလာတယ်လို့ ထိုင်း-မြန်မာနယ်စပ် စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
  • တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေအကြား ၁၇ ရက်ကြာတိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂၅ ဦး သေဆုံးကာ လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article