33.2 C
Yangon

စစ်ကောင်စီက၏ အတုအယောင် ရွေးကောက်ပွဲက မြန်မာ့ ပြည်တွင်း ပဋိပက္ခများကို ဖြေရှင်းနိုင်မည် မဟုတ်ဟု အာဆီယံပါလီမန်အမတ်များ အဖွဲ့က ပြောဆို

Must read

စစ်ကောင်စီက၏ အတုအယောင် ရွေးကောက်ပွဲက မြန်မာ့ ပြည်တွင်း ပဋိပက္ခများကို ဖြေရှင်းနိုင်မည် မဟုတ်ဟု အာဆီယံပါလီမန်အမတ်များ အဖွဲ့က ပြောဆို

ရန်ကုန်၊ မတ် ၁

အကြမ်းဖက် စစ်ကောင်စီက ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲသည် ပြည်တွင်း ပဋိပက္ခများကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) က CRPH နှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောဆိုလိုက်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ CRPH အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (ASEAN Parliamentarians for Human Rights – APHR) ၏ ဥက္ကဋ္ဌ Hon. Mercy Chriesty Barends နှင့် ပူးတွဲ ဥက္ကဋ္ဌ Hon. Charles Santiago ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုတွေ့ဆုံပွဲတွင် ထိုသို့ ပြောဆိုခြင်းဖြစ်ကြောင်း သိရသည်။

“ဆွေးနွေးပွဲမှာ APHR အဖွဲ့က ပြောဆိုတာတွေကတော့ အခု အာဆီယံ ဥက္ကဋ္ဌ အသစ် အနေနဲ့ အာဆီယံရဲ့ ရပ် တည်မှုတွေ ကြီးကြီး မားမား ပြောင်းလဲမှာ မဟုတ်ဘူးပေါ့။ မြန်မာ့အရေးအတွက်လည်း ဆက်လက် အားစိုက်ကြိုးပမ်းမယ်ပေါ့။ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကလည်း ယခုဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ် မထင်ဘူးလို့ ပြောဆိုတာတွေရှိတယ်။ နောက်ပြီး စားနပ်ရိက္ခာကိစ္စ အတွက်လည်း စိုးရိမ်မိတဲ့ အကြောင်းတွေ ပြောဆိုတယ်။ ကျွန်တော်တို့ဘက်ကတော့ အဓိကအားဖြင့် အာဆီယံ ဘုံ သဘောတူညီချက်ကိစ္စတွေ အတုအယောင်ရွေးကောက်ပွဲကို လက်မခံဖို့နဲ့ ရွေးကောက်ပွဲ လုပ်နိုင်မယ့် နယ်မြေ စိုးမိုးနိုင်မှုအ ခြေအနေ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးနေတဲ့ တိုးတက်မှု အခြေအနေတွေ ဖက်ဒရယ် ယူနစ်တွေ ပေါ်ထွန်းလာရေး အခြေအနေတွေ တင်ပြခဲ့တာရှိပါတယ်” ဟု တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် CRPH အဖွဲ့မှ ကိုယ်စားလှယ် တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ ဆွေးနွေးပွဲကို ၁ နာရီကျော်ကြာ ပြုလုပ်ခဲ့ပြီး တော်လှန်ရေး ကာလ၏ လွှတ်တော်လုပ်ငန်းစဉ်များ၊ သတ္တမအကြိမ် ကြားကာလ ပြည်ထောင်စုလွှတ်တော်ကျင်းပပြီးစီးမှုအပါအဝင် တော်လှန်ရေးကာလ နိုင်ငံရေးသဘောတူညီချက် ပူးတွဲထုတ်ပြန်မှုများ၊ တော်လှန်ရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ အာဆီယံဘုံသဘောတူညီချက် ၅ ချက်နှင့် ပတ်သက်သည့် လက်ရှိ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်မည့် မလေးရှားနိုင်ငံ၏ အခန်းကဏ္ဍများအပေါ် ချဉ်းကပ်ဆောင်ရွက်သင့်သည့် အချက်များအား အမြင်ဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အာဆီယံနိုင်ငံ လွှတ်တော်များနှင့် ဒေသတွင်း လွှတ်တော်ကိုယ်စားလှယ်များ အချင်းချင်း ပူးတွဲ ဆောင်ရွက်နိုင်မည့် အလားအလာများကို အပြန်အလှန် ဆွေးနွေးခဲ့ပြီး တွေ့ဆုံပွဲကို CRPH အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်၊ CRPH နိုင်ငံတကာဆက်ဆံရေးကော်မတီအဖွဲ့ဝင်များဖြစ်သော ဦးစည်သူမောင်နှင့် ဦးအာကာမျိုးထက်တို့က ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article