27.3 C
Yangon

စလင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် ကင်းပုန်းတို့ကို တိုက်ခိုက်မှု စစ်ကောာင်စီ တပ်သား ၇ ဦး သေဆုံး

Must read

စလင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် ကင်းပုန်းတို့ကို တိုက်ခိုက်မှု စစ်ကောာင်စီ တပ်သား ၇ ဦး သေဆုံး

ရန်ကုန်၊ မတ် ၁

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦး သေဆုံးခဲ့ကြောင်း ဒေါင်းစစ်အောင် (LPDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဆိပ်ဖြူဘက်မှ လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် စလင်းမြို့နယ် အတွင်းရှိ ကပစ ၂၁ ကို သွယ်တန်းထားသော မီးလိုင်းများအား လာရောက် စစ်ဆေးစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦး သေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆိပ်ဖြူမြို့ဘက်ကို ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းစစ်အောင် (LPDF) ၊ စလင်းမြို့နယ် (ပကဖ-ဇုန် ၃) ၊ မင်းဘူးခရိုင်အမှတ် (၁) တပ်ရင်း ၊ မကွေးခရိုင်အမှတ် (၂) တပ်ရင်း ၊ မကွေး ပကဖ နှင့် မကွေးတိုင်း ဒရုန်းလက်ရုံးအဖွဲ့တို့က ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

ထို့ပြင် စလင်းမြို့နယ်၊ သစ်ခေါက်တောင်ရွာရှိ အကြမ်းဖက် စစ်တပ် ကင်းခန်းအနီးတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် စလင်းမြို့နယ်၊ သစ်ခေါက်တောင် ကျေးရွာရှိ အကြမ်းဖက် စစ်တပ် ကင်းစခန်းအနီးတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တို့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်ချိန် ၁၀ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်ကာ တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article