27.3 C
Yangon

ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းရှိ မြေစွန်းတော်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာ ၇ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

Must read

ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းရှိ မြေစွန်းတော်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာ ၇ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

ရန်ကုန်၊ မတ် ၂

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း ဒေသရှိ မြေစွန်းတော်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာ ၇ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း Yesagyo Township Info Committee မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် ရေစကြိုမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နံနက် ၉ နာရီ ၄၀ မိနစ်ခန့်မှ စတင်၍ ရေလယ်ကျွန်းဒေသရှိ မြေစွန်းတော်ကျေးရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် မြေစွန်းတော်ရွာ အပါအဝင် အနီးအနားကျေးရွာ ၇ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကြောင်း ရောက်ရှိနေသော ရေလယ်ကျွန်းဒေသ တစ်ဝိုက်ကို အကြမ်းဖက် စစ်တပ်က ဖုန်းလိုင်းများ ဖြတ်တောက်ထားခြင်းကြောင့် ပြည်သူများ ဖမ်းဆီးခံရမှုနှင့် ဒဏ်ရာရရှိမှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ မြေပြင် အခြေအနေ အသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ရေစကြိုမြို့ပေါ်ကနေ ထွက်လာ‌တဲ့ စစ်ခွေး စစ်ကြောင်းက နံနက် ၉ နာရီ ၄၀ မိနစ်မှာ ရေလယ်ကျွန်းဒေသက မြေစွန်းတော်ကျေးရွာကို မီးရှို့ ဖျက်ဆီးနေတာပါ။ အနီးဝန်းကျင်က ၇ ရွာကျော်လောက်တော့ပြေးနေကြရတယ်။ စစ်ခွေးတွေက ဖုန်းလိုင်းတွေလည်း ဖြတ်တောက်ထားတော့ မြေပြင် အခြေအနေ အသေးစိတ်ကို စုံစမ်းဖို့ ခက်ခဲနေတယ်” ဟု Yesagyo Township Info Committee မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article