27.3 C
Yangon

ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံသားများက ကွန်ဒိုအခန်းပေါင်း ၁၃၈၈ ခန်း တန်ဖိုးအားဖြင့် ထိုင်းဘတ် ၇ ဘီလီယံကျော် ဝယ်ယူခဲ့ပြီး ဝယ်လိုယူမှု ဆက်လက်မြင့်တက်နေ

Must read

ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံသားများက ကွန်ဒိုအခန်းပေါင်း ၁၃၈၈ ခန်း တန်ဖိုးအားဖြင့် ထိုင်းဘတ် ၇ ဘီလီယံကျော် ဝယ်ယူခဲ့ပြီး ဝယ်လိုယူမှု ဆက်လက်မြင့်တက်နေ

ရန်ကုန်၊ မတ် ၂

ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံသားများက ကွန်ဒိုအခန်းပေါင်း ၁၃၈၈ ခန်း တန်ဖိုးအားဖြင့် ထိုင်းဘတ် ၇ ဘီလီယံကျော် ဝယ်ယူခဲ့ပြီး ဝယ်လိုယူမှု ဆက်လက်မြင့်တက်နေကြောင်း ထိုင်းနိုင်ငံ၏ အိမ်ခြံမြေသတင်းအချက်အလက်စင်တာ၏ ကိန်းဂဏန်းများကို ကိုးကား၍ The Nation က သတင်းဖော်ပြသည်။

ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွက် ကွန်ဒိုအခန်းဝယ်ယူမှု အများဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံက ဆက် လက် ပါဝင်နေပြီး ရုရှားနှင့်တရုတ်များ၏ ကွန်ဒိုအခန်း ဝယ်လိုအား နှေးကွေးသွားကြောင်း၊ သို့ရာတွင် မြန်မာနှင့်ထိုင်ဝမ်နိုင်ငံသားများ၏ အခန်းဝယ်ယူမှုမှာ ပိုမိုများပြားခိုင်မာလာနေကြောင်း သိရှိရသည်။

အိမ်ခြံမြေ သတင်းအချက်အလင်စင်တာ (REIC) ၏ စစ်တမ်းများအရ ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွက် ကွန်ဒိုအခန်းဝယ်ယူမှုမှာ ယခင် ၂ နှစ်ကထက် အနည်းငယ်ကျဆင်းနှေးကွေးသွားကြောင်း၊ ၂၀၂၄ ခုနှစ် တွင် နိုင်ငံ ခြားသား ကွန်ဒိုအခန်း ဝယ်ယူမှုပေါင်း ၁၄၅၇၃ ခန်း ရှိခဲ့ပြီး ပျမ်းမျှအားဖြင့် ထိုင်းဘတ် ၄ ဒသမ ၇ သန်းတန် အခန်းများကို ဝယ်ယူကြကြောင်း သိရှိရသည်။

လာမည့် ၂၀၂၅ ခုနှစ်တွင်လည်း ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားကွန်ဒိုဝယ်ယူမှု ဆက်လက် တည်ငြိမ်နေခြင်း သိုပမဟုတ် ၁ ရာခိုင်နှုန်းဝန်းကျင် အနည်းငယ် တိုးတက်လာမည်ဟုခန့်မှန်း​ကြောင်း၊ တရုတ်၊ မြန်မာ၊ ရုရှားနှင့်ထိုင်ဝမ် နိုင်ငံသားများက ကွန်ဒိုအခန်းများ ဆက်လက်ဝယ်ယူလိမ့်မည်ဟု ခန့်မှန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article