ရန်ကုန်၊ မတ် ၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်တွင် MNDAA ထံသို့ လက်နက်ချ အညံ့ခံခဲ့သော ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ဌာနချုပ် နေရာ အတည်တကျ မရှိသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးအသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း စစ်တပ်သတင်းရင်းမြစ်ကို ကိုးကား၍ CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ MNDAA က လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)ကို သိမ်းပိုက်ခဲ့စဉ် အမှတ် ၁၄ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး အဖြစ် တာဝန်ထမ်းဆောင်နေသော ဗိုလ်မှူးချုပ် အေးမင်းဦးမှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ တပ်မ ၅၅ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း၊ အမှတ် ၁၂ စစ်ဆင် ရေး ကွပ်ကဲမှုဌာနချုပ် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း၊ အမှတ် ၁၆ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စစ်ဆင် ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သော်ဇင်ဦးတို့နှင့်အတူ လက်နက်ချ အညံ့ခံခဲ့သူဖြစ်သည်။
လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း ဆုံးရှုံးခဲ့ပြီးနောက် စစ်ကောင်စီက တန့်ယန်းမြို့ကို အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ပြန်လည် ဖွဲ့စည်းခဲ့ပြီး တိုင်းမှူးအဖြစ် ဗိုလ်ချုပ် မြင့်ကျော်ထွန်းကို ခန့် အပ်ခဲ့သည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ရမခ တိုင်းမှူး ဗိုလ်ချုပ် မြင့်ကျော်ထွန်းသည် ကျားဖြန့်တရုတ်ငွေလိမ်ဂိုဏ်းများထံမှ ငွေကျပ်သိန်းထောင်ချီ လာဘ်ယူမှုဖြင့် စစ်ကောင်စီက ရာထူးမှ ဖယ်ရှား ဖမ်းဆီးလိုက်ပြီးနောက် ဗိုလ်မှူးချုပ် အေး မင်းဦးကို ရမခ တိုင်းမှူး (တန့်ယန်း)အသစ် အဖြစ် စစ်ကောင်စီက ခန့်အပ်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းမှူးများကို ခန့်ထားရာတွင် စစ်တက္ကသိုလ်ဆင်း၊ တေဇ ခေါ် အလုပ်သင်ဗိုလ်သင်တန်းကျောင်းဆင်းများကို အရေအတွက် တူညီစွာ မျှခန့်ထားပြီး သွေးခွဲမှုများဖြင့် အချင်း ချင်းအကြား ပြန်လည်စောင့်ကြည့်စေခြင်းဖြင့် ၎င်းကို သစ္စာခံစေရန် လုပ်ဆောင်နေကြောင်း CDM ဗိုလ်ကြီးဇင်ယော်နှင့် တပ်သတင်းရင်းမြစ်များက သုံး သပ်ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
