27.3 C
Yangon

သရက်ချောင်းမြို့နယ်၊ ဝင်းကဖော်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

Must read

သရက်ချောင်းမြို့နယ်၊ ဝင်းကဖော်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ မတ် ၃

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝင်းကဖော်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်း သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ရဲဘော် ကျောက်ခဲ က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ် ၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၅ မိနစ်ခန့်တွင် သရက်ချောင်းမြို့နယ်၊ ဝင်းကဖော်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း အသက် ၁၀ နှစ်အရွယ် မောင်ဇွဲအောင်ထက် ၊ အသက် ၆၀ နှစ်အရွယ် ဒေါ်ဟင်ကြူ ၊ အသက် ၅၀ နှစ်အရွယ် ဦးဇော်ဝင်း နှင့် အသက် ၃၇ နှစ်အရွယ် အိုအို (ခ) ကိုသောင်းဆက်အောင်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ ထိခိုက်ဒဏ်ရာ ပြင်းထန်ကြောင်း သိရှိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို သက်ဆိုင်ရာ ကျန်းမာရေး အဖွဲ့အစည်းများ ဆေးကုသမှု ပြုလုပ်ပေးနေပြီး ပြင်းထန်ဒဏ်ရာ ရရှိထားသော ဦးဇော်ဝင်း နှင့် အိုအို (ခ) ကိုသောင်းဆက်အောင် တို့၏ ဒဏ်ရာအခြေအနေများကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်ကြောင်း သိရမောင်ဇွဲအောင်ထက်သည်။

“ဒီနေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်က လာကျဲသွားတယ်။ ပြည်သူ ၄ ဦး ထိခိုက်တယ်။ အသက် ၁၀ အရွယ် ကလေး ၁ ဦးပါတယ်။ အမျိုးသမီး ၁ ဦးနဲ့ ကလေးငယ် ကတော့ ဒဏ်ရာမစိုးရိမ်ရဘူး။ ကျန်တဲ့ ၂ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်။ စစ်ခွေးတွေ ဗုံးကျဲသွားတာတော့ ရွာထဲပဲ ပြည်သူတွေ နေအိမ် အကြားကို ဗုံးသီး ကျရောက်ပေါက်ကွဲတာ နေအိမ်မှာနေနေတဲ့ သူတွေပဲ ထိခိုက်ဒဏ်ရာရတာလေ တိုက်ပွဲဖြစ်ပွားတာမရှိပါဘူး။ စစ်ခွေးတွေကတော့ ပြည်သူတွေဘာတွေနားမလည်ဘူး။ ဘယ်သူဘာဖြစ်ဖြစ် ဂရုစိုက်နေမှာ မဟုတ်ဘူး။ စစ်ခွေးတွေက ပြည်သူတွေကို ရန်သူလို သတ်မှတ်ပြီး တိုက်ခိုက်တာ သူတို့လုပ်နေကျ အလုပ်တစ်ခုဖြစ်သွားပြီ သူတို့အတွက် လုပ်ရိုးလုပ်စဉ်ဆိုပေမယ့် ပြည်သူတွေအတွက်တော့ အသက် အန္တရာယ် မလုံခြုံဘူးဆိုတဲ့ အခြေအနေပေါ့” ဟု ဒေါင်းညီနောင်စစ်ကြောင်း သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ရဲဘော် ကျောက်ခဲ က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article