29 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာနိုင်ငံတစ်ဝန်း ဆေးတက္ကသိုလ်တွေကနေ ကျောင်းဆင်းပြီး ကျန်းမာရေးဝန်ကြီးဌာနမှာ အမှုမထမ်း သူတွေကို မင်းအောင်လှိုင်အမိန့်နဲ့ ဆရာဝန်ဘွဲ့မပေးဘဲ အမည်ပျက်စာရင်းသွင်းပြီး ပြည်ပထွက်ခွင့် ပိတ်ပင်တာတွေကို ကျန်းမာရေးဝန်ကြီး သက်ခိုင်ဝင်းက လုပ်ဆောင်နေတယ်လို့ နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာနထံကနေ စုံစမ်းသိရှိရပါတယ်။
  • အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ တရားမဝင်နေထိုင်အလုပ်လုပ်မှုနဲ့ ဖမ်းဆီးရရှိထားတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီထံ ပို့ဆောင်နေခြင်းဟာ သေတွင်းကို ပို့ဆောင်နေတဲ့သဘောဖြစ်နေတဲ့အတွက် လူသားချင်းစာနာထောက်ထားစွာနဲ့ ကူညီစောင့်ရှောက်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG က မေတ္တာရပ်ခံလိုက်ပါတယ်။
  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားလမ်းမပေါ်မှာ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်နေပြီး ၁၄ ရက်အတွင်း အကြမ်းဖက်စစ်တပ်ဘက်က ၄၀ ဦးထက်မနည်း သေဆုံးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article