ဒီကနေ့ မတ် ၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်နက်စကြာရှင် ရုရှားဘုရင် ပူတင်နဲ့ မြန်မာ ဘုရင်ဖြစ်တဲ့ သူကိုယ်တိုင် တွေ့ဆုံရမှုဟာ မြတ်စွာဘုရားရှင်ရဲ့ ကြွက်မင်း ဗျာဒိတ်တော်လာ မဟာမိတ်ဖြစ်လတ္တံ့ ဆိုတဲ့ စကားကြောင့်ဖြစ်တယ်ဆိုပြီး ဦးအောင်ဇေယျအတ္တုပတ္တိ စာအုပ်ကိုပါ ရုရှား စစ်ခေါင်းဆောင် ပူတင်ကိုသွားပေးနေပြန်တယ်လို့ သိရပါတယ်။
- အကြမ်းဖက် စစ်ကောင်စီတပ်က နိုင်ငံတစ်ဝှမ်း လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကြပ် ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်ထဲအတင်းသွင်းနေတဲ့အချိန် တစ်ဖက်မှာလည်း စစ်မှုထမ်းလူငယ်တွေဟာ တော်လှန်ရေး တပ်တွေဆီမှာ အသုတ်လိုက် အလင်းဝင်ရောက်လာနေပြီး ရေစကြို၊ ပခုက္ကူ နဲ့ သာစည် မြို့နယ်တွေ မှာလည်း နောက်ထပ် စစ်မှုထမ်း တပ်သားသစ် ၉ ဦးဟာ တော်လှန်ရေးတပ်တွေဆီကို ထွက်ပြေးလာပြီး အလင်းဝင်ရောက်လာကြပြန်တယ်လို့ သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်စခန်း ၃ ခုကို တော်လှန်ရေးပူးပေါင်း တပ်တွေက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၆ ဦးကတော့ အသီးသီး သေကုန်ကြပြန်တဲ့အပြင် လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်း ရရှိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
