28 C
Yangon

ထိုင်းနိုင်ငံ Hoen Fong Home Living Technology စက်ရုံတွင် မီးကြိုးများ အခိုးခံရယူမှုအတွက် အမှန်တကယ် ခိုးယူသည့် ထိုင်းနိုင်ငံသားကို အရေးမယူဘဲ မြန်မာအလုပ်သမားများကို ဖမ်းဆီးတရားစွဲဆို

Must read

ထိုင်းနိုင်ငံ Hoen Fong Home Living Technology စက်ရုံတွင် မီးကြိုးများ အခိုးခံရယူမှုအတွက် အမှန်တကယ် ခိုးယူသည့် ထိုင်းနိုင်ငံသားကို အရေးမယူဘဲ မြန်မာအလုပ်သမားများကို ဖမ်းဆီးတရားစွဲဆို

ရန်ကုန်၊ မတ် ၆

ထိုင်းနိုင်ငံ ချွန်ပူလီမြို့နယ်ရှိ Hoen Fong Home Living Technology စက်ရုံတွင် တရုတ်နှစ်သစ်ကူးကာလ စက်ရုံပိတ်ထားချိန် မီးကြိုးများ အခိုးခံရမှုအတွက် အမှန်တကယ် ခိုးယူခဲ့သော ထိုင်းနိုင်ငံသားများကို အရေးမယူဘဲ မြန်မာအလုပ်သမား ၄ ဦးကို မတရား စွပ်စွဲ ဖမ်းဆီးတရားစွဲဆိုထားကြောင်း အဆိုပါစက်ရုံမှ မြန်မာဝန်ထမ်းများက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

တရုတ်နှစ်သစ်ကူးကာလ စက်ရုံပိတ်ထားစဉ်တွင် စက်ရုံမှ ထိုင်းနိုင်သားတစ်ဦးက ပြင်ပမှ ထိုင်းလူမျိုးများနှင့် ပူးပါင်း၍ မီးကြိုးများ ခိုးထုတ်ခဲ့ကြောင်း၊ ခိုးယူသူ ထိုင်းနိုင်ငံသားကို CCTV မှတစ်ဆင့် ခြေရာခံ ဖမ်းမိခဲ့သော်လည်း ပြန်လွှတ်ပေးခဲ့ကြောင်း၊ ယင်းနောက် CCTV ဗီဒီယိုတွင် ခိုးယူသူနှင့် လမ်း လျှောက်ပုံ တူညီသော မြန်မာအလုပ် သမားတချို့ကို ဖမ်းဆီး၍ တရားစွဲဆိုလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပစ္စည်းတွေပျောက်တော့ တရုတ်တွေက CCTV ကနေ ပြန်ကြည့်ပါတယ်။ ပြန်ကြည့်တော့ ထိုင်းလူမျိုးကို မိပါတယ်။ ပုလိပ်က လာဖမ်းသွား တယ်။ပိုက်ဆံပေးတော့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ထပ်ပြီး သူခိုးဖမ်းမယ်ဆိုပြီး မြန်မာပြည်သားတွေကို လမ်းလျှောက်ခိုင်းပြီး စစ်ပါတယ်။သူခိုးနဲ့ ပုံစံတူတဲ့သူတွေကို ထင်ယောင်ထင်မှားလုပ်ပြီး အချုပ်ထဲပို့ပြီး ခု တရားရုံးပို့ပြီး တရားစွဲထားပါတယ်။ မိတဲ့သူခိုးကျ ပေါ်အောင် မစစ်ဘဲ လာဘ်ထိုးတဲ့ထိုင်းလူမျိုးကို ရဲတွေက လွှတ်ပေးလိုက်ပါတယ်” ဟု အဆိုပါ စက်ရုံမှ အလုပ်သမားတစ်ဦးက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မတရားဖမ်းဆီးတရားစွဲဆိုခံရသည့် မြန်မာအလုပ်သမားများအတွက် စက်ရုံမှ မြန်မာများက ရှေ့နေငှားကာ အမှုမှန်ပေါ်ပေါက်ရေး ကြိုးပမ်းလုပ်ဆောင်နေကြောင်း သိရှိရသည်။

” ခိုးမှုနဲ့ စွပ်စွဲ အဖမ်းခံရတဲ့ မြန်မာအလုပ်သမားတွေကို စက်ရုံနဲ့စကားပြန်တွေက ပတ်စ်ပို့လုပ်ဖို့နဲ့ သက်တမ်းတိုးဖို့ဆိုပြီး ဓာတ်ပုံရိုက် လိမ်ညာခေါ်သွားတာ။ ညာခေါ်သွားပြီး တော့ မြန်မာအလုပ်သမားပုံနဲ့ သူခိုးပုံကို CCTV ဓာတ်ပုံ ပုံစံ ဖြတ်ညှပ်ကတ်လုပ်ပြီးတော့ အလုပ်သမားတွေကို တရားစွဲတာ။ ဖမ်းမိတဲ့ ထိုင်းလူမျိုးကျ ထိုင်းနိုင်ငံသားမို့ သူတို့ မလုပ်ရဲဘူး” ဟု အလုပ်သမားတစ်ဦးက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောပြသည်။

ထိုသို့ မြန်မာအလုပ်သမားတချို့ကို ခိုးမှုဖြင့် မတရားစွပ်စွဲ ဖမ်းဆီးခဲ့သည့် တရုတ်နိုင်ငံသားပိုင် Hoen Fong Home Living Technology အထပ်သားပြားစက်ရုံတွင် မြန်မာအလုပ်သမား ၆၀၀ ဝန်းကျင်လုပ်ကိုင်နေကြောင်း၊ ယခင်ကလည်း အဆိုပါစက်ရုံတွင် အလုပ်ပိတ်ရက် နားရက်များမပေးသည့်အပြင် သက်တမ်းတိုးစာရွက်စာတမ်းကြေး များ မတရား ကောက်ခံသည့်အတွက် မြန်မာအလုပ်သမားများ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article