28 C
Yangon

အင်းတကော်မြို့၊ ကင်းပိုင်ကျုံကျေးရွာတွင် စစ်မှုထမ်းအကြောင်းပြ၍ ငွေကြေး ခြိမ်းခြောက်တောင်းနေသော ရာအိမ်မှူး ကျော်ထူး ပစ်ခတ်ခံရပြီးသေဆုံး

Must read

ရန်ကုန်၊ မတ် ၇

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ကင်းပိုင်ကျုံကျေးရွာတွင် စစ်မှုထမ်းကြေးဟုဆိုကာ အတင်း အကျပ်ငွေကြေးကောက်ခံနေသော ရာအိမ်မှူးကျော်ထူးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွား‌ ကြောင်း အင်းတကော်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၅ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန် ပဲခူးမြို့နယ်၊ ကင်းပိုင်ကျုံ – ကျောက်တန်းလမ်းတနေရာ တွင် ကင်းပိုင်ကျုံကျေးရွာမှ စစ်ကောင်စီခန့် ရာအိမ်မှူး ကျော်ထူးကို အင်းတကော်မြို့ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင် ပင် ပွဲချင်းပြီး သေဆုံးသွား ကြောင်း သိရသည်။

“အဲဒီနေ့ကပဲ စစ်မှုထမ်းကြေး လိုက်ကောက်ခဲ့သေးတယ်။ ပစ်ခတ်ရှင်းလင်းခံရပြီးတော့ သူ့အစ်ကို တင်ထွန်းဆိုတဲ့ ကြံ့ဖွတ်ပါတီဥက္ကဌက စခတွေရွာထဲခေါ်ပြီး လှည်ပတ်ရမ်းကားနေတယ်လို့ သတင်း ရတယ်။ အခုချိန်အထိလည်း ရွာထဲ စစ်ဆေးရှာဖွေမှုမှုတွေလုပ်နေတုန်း။ ရွာသူရွာသားအချို့ကို လည်း ပဲခူးမြို့ကို ဖမ်းသွားတယ်လို့ သိရသလို တချို့လည်းပြန်လွတ်လာပြီလို့ သတင်းရထားတယ်။ ပစ်ခတ်ရှင်းလင်းခဲ့တဲ့ ရဲဘော်တွေအားလုံးကတော့ ဘေးကင်းရာနေရာကို ရောက်ရှိပါပြီ” ဟု အင်းတကော်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

သေဆုံးသူ ရာအိမ်မှူး ကျော်ထူးသည် ကျေးရွာအတွင်းနေ ပြည်သူများအား စစ်မှုမထမ်းမနေရ ဥပဒေ ဖြင့် ခြိမ်းခြောက်၍ စစ်မှုထမ်းကြေးများအား ဆင်းရဲချမ်းသာမရွေး မညှမတာကောက်ခံခြင်း၊ ကျေးရွာ အတွင်း စစ်သား၊ ရဲများနှင့်အတူ ကင်းလှည့်လိုက်ပါခြင်း ၊ မည်သည့် ပြသနာကြီး၊ ငယ်မဆို စစ်သား၊ ရဲ များကို ခေါ်ယူကာ ဖမ်းခိုင်းခြင်း၊ ကင်းပိုင်ကျုံအုပ်ချုပ်ရေးမှူး၏ ကိုယ်စား ၎င်းက ကျေးရွာနေပြည် သူများအပေါ် နိုင်ထက်စီးနင်းလုပ်ဆောင်နေခြင်းတို့ကြောင့် ကျေးရွာနေပြည်သူများ၏ တိုင်တန်း ချက်အရ ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

အင်းတကော်မြို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ အနေဖြင့် စစ်ကောင်စီ ဒေါက်တိုင် များကို ဆက်လက်၍ သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အကျိုုးစီးပွားကို ကာကွယ် ပေးမည်ဖြစ်ကြောင်း၊ ပြည်သူလူထု အခက်အခဲမှန်သမျှ ကူညီဖြေရှင်းပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ အကျိုးစီးပွားကို ထိပါးစေမည့် မည်သည့်ရမ်းကားမှုမျိုးကိုမဆို လက်ခံမည်မဟုတ် ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – တော်လှန်ရေးတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

တော်လှန်ရေးတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article