24.6 C
Yangon

ဖာပွန်မြို့နယ်၊ ကျောက်ကွင်းရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓ ဗုံးထိမှန်၍ ပျံလွန်တော်မူ

Must read

ဖာပွန်မြို့နယ်၊ ကျောက်ကွင်းရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓ ဗုံးထိမှန်၍ ပျံလွန်တော်မူ

ရန်ကုန်၊ မတ် ၈

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကျောက်ကွင်းရွာ ဘုန်းကြီးကျောင်းက အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓ ပျံလွန်တော်မူခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၅ ရက်နေ့ ညနေပိုင်းတွင် ဖာပွန်မြို့နယ်၊ ကျောက်ကွင်းရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စက်လက်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ကျောက်ကွင်းဘုန်းကြီးကျောင်း ကျောင်းတိုင်ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓ ပျံလွန်မူခဲ့ပြီး သံဃာတော် ၂ ပါးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူတယ်လို့တော့ ကြားသိရတယ်။ တိုက်ပွဲလည်းမရှိဘဲ ဗုံးကျဲသွားတာမှာ ဆရာတော်ကို ဗုံးထိမှန်ပြီး ပျံလွန်တော်မူပါတယ်။ ဆရာတော် ဈာပနလည်း မတ်လ ၆ ရက်နေ့က ပြုလုပ်ပြီးပြီလို့ သိရတယ်။ ကျောင်းလည်း ထိခိုက်ပျက်စီးမှုများတယ်။ သံဃာတော် ၂ ပါးတော့ ဆေးကုသမှု ခံယူနေရတယ်လို့ သိရတယ်” ဟု ဒေသ ပြည်သူ တစ်ဦးက ပြောဆိုသည်။

စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော သံဃာတော် ၂ ပါးမှာလည်း ဒဏ်ရာအခြေအနေ ပြင်းထန်ပြီး ဘားအံမြို့သို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article