23.3 C
Yangon

ငါန်းဇွန်မြို့နယ်၊ ထွန်းသာရွာရှိ စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

ငါန်းဇွန်မြို့နယ်၊ ထွန်းသာရွာရှိ စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ မတ် ၈

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ထွန်းသာရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း 925 ပြောက်ကျားအဖွဲ့ (ငါန်းဇွန်) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၆ ရက်နေ့တွင် နံနက် ၁၁ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ ထွန်းသာကျေးရွာတွင် အင်အား ၅၀ ခန့်ဖြင့် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးနဲ့ ပျူခွေး အင်းအား ၅၀ လောက် အထိုင်ချထားတဲ့ စခန်းကို တိုက်ခိုက်တာ Fixed Wings Drone ၂ စီး နဲ့ ဗုံးသီး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့တယ်။ စစ်ခွေးနဲ့ ပျူခွေး အထိအခိုက် သေဆုံးမှုများပြားတယ်လို့ သိရတယ်။ အကောင်ရေအတိကျတော့ မသိရှိရသေးပါဘူး” ဟု 925 ပြောက်ကျားအဖွဲ့ (ငါန်းဇွန်) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို 925 ပြောက်ကျားအဖွဲ့ (ငါန်းဇွန်) ၊ ငါန်းဇွန်မြို့နယ် ပကဖ ၊ ဧရာမပြွေးပြောက်ကျားအဖွဲ့ ၊ Fight For FreeDom ဒရုန်းအဖွဲ့ နှင့် ဇေယျာရွှေမြေအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့် ပြည်သူများ အနေဖြင့် လေကြောင်း အသိ သတိရှိစွာ နေထိုင်ကြပါရန် 925 ပြောက်ကျားအဖွဲ့ (ငါန်းဇွန်)က အသိပေး နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article