28 C
Yangon

ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားများအရေး ပူးပေါင်း ဆောင်ရွက်နိုင်ရန် တောင်ကိုရီးယား လွှတ်တော်အမတ်များနှင့် CRPH တို့ ဆွေးနွေး

Must read

ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားများအရေး ပူးပေါင်း ဆောင်ရွက်နိုင်ရန် တောင်ကိုရီးယား လွှတ်တော်အမတ်များနှင့် CRPH တို့ ဆွေးနွေး

ရန်ကုန်၊ မတ် ၈

ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အရေး ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် CRPH ၊ NUG တာဝန်ရှိသူများ ကတောင်ကိုရီးယားလွှတ်တော်အမတ် ဂန်အီးလီနှင့် အွန်လိုင်းမှ တွေ့ဆုံဆွေး နွေးခဲ့ကြောင်း သိရသည်။

မတ်လ ၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများသည် တောင်ကိုရီးယားလွှတ်တော်အမတ် ဂန်အီးလီတို့နှင့် အွန်လိုင်းမှတစ်ဆင့်တွေ့ ဆုံပြီး ထိုင်းနိုင်ငံသို့ အ‌ကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော မြန်မာဒုက္ခသည်များနှင့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအရေး ဆက်လက်ပူးပေါင်းဆောင် ရွက်သွားနိုင်ရန် အတွက်ဆွေးနွေးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲ၌ ဇန်နဝါရီလ ၃၀ ရက်နေ့က ပူးပေါင်းကျင်းပခဲ့သည့် “မဲဆောက်ရှိ မြန်မာဒုက္ခ သည်များအတွက် အခွင့်အရေးနှင့် စီးပွားရေးအခွင့်အလမ်းများ မြှင့်တင်ပေးရေး ကိုရီးယား-ထိုင်း-မြန်မာ ကမ္ဘာလုံးဆိုင်ရာ ဖိုရမ်” အပေါ် အားသာချက်၊ အားနည်းချက်များအား ဆွေးနွေးသုံးသပ်ခဲ့ကာ ယင်းအစီအစဉ်အရ ဆက်လက်လုပ်ဆောင်သင့်သည်များကို တက်ရောက်လာကြသူများက အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦး ဥက္ကာမင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီနှင့် တာဝန်ရှိသူများက ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာဒုက္ခသည်များ၊ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အခက်အခဲများနှင့် လိုအပ်ချက်များ၊ ထိုင်းနိုင်ငံအတွင်း အထောက်အထားရရှိနိုင် ရေး၊ ရပ်တည်နေထိုင်ရေးအခက်အခဲများ၊ ထိုင်းနိုင်ငံက ဖမ်းဆီးထိန်းသိမ်းခံရသူများအား စစ်ကောင် စီထံ အပ်နှံနေခြင်းနှင့် ယင်းတို့အား အကြမ်းဖက်စစ်အုပ်စုက အဓမ္မ စစ်မှုထမ်းစေခိုင်းခံနေရခြင်း တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူ ထိုင်းနိုင်ငံရောက် မြန်မာမျိုးဆက်သစ်လူငယ်များ ပညာဆက်လက်သင်ကြားနိုင်ရေး အ တွက် ကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေးဖလှယ်ခဲ့ကြပြီး အကူအညီလိုအပ်နေသည့် မြန်မာပြည်သူများအတွက် တောင်ကိုရီးယား၊ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းက လည်း ကူညီပံ့ပိုးပေးမှု အားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်များ၊ အလုပ်သမားရေးရာ ကော်မတီမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမား ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ကိုရီးယား နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နှင့် ရုံးအဖွဲ့များ၊ နယ်စပ်အခြေပြု ရွှေ့ပြောင်းနေထိုင်သူများအရေး ကူ ညီဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တောင်ကိုရီးယား၏ လူမှုအဖွဲ့ အ စည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article