27 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မတ် ၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက် မင်းအောင်လှိုင်က ဘယ်လာရုစ် နိုင်ငံမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စီးပွားရေး ပိတ်ဆို့ခံရရင် တိုက်ခိုက်ခံရတဲ့ ကွန်ပျူတာဆော့ဝဲတွေ အင်အားစုစည်းမှု ပိုမိုရရှိစေတဲ့အတွက် ပြိုင်ဆိုင်မှု ပြင်းထန်လာမယ်ဆိုပြီး Sanctions နဲ့ Softwaer ဆိုတဲ့ အဂ်လိပ်စကားကို သေချာနားမလည်ဘဲ အဓိပါယ် ဆက်စပ်မှု မရှိတာတွေကို ထင်ရာမြင်ရာတွေ ပြောသွားတယ်လို့ (IPCM) အတွင်းရေးမှူး ဦးတိုးဇော်လတ်က သုံးသပ်ပြောဆိုထားပါတယ်။

ရန်ကုန်မြို့မှာ Hip Hop ၂၅ နှစ်ပြည့်ပွဲ အပါအဝင် Hip Hop ဂီတဖျော်ဖြေပွဲတွေကို အကြမ်းဖက် စစ်ကောင်စီရဲ့ တွဲဘက် အတွင်းရေးမှူး စရဖ အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ သား ထက်ရဲနောင် ဆိုသူ ဦးဆောင်ကျင်းပနေတာဖြစ်တဲ့အတွက် တော်လှန်ရေးအင်အားစုတွေဘက်က သတိပေးမှုတွေ ရှိလာတယ်လို့ သိရပါတယ်။

-ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရပြီး အကြမ်းဖက် စစ်ကောင်စီလက်ထဲ ပြန်လွဲခံရတဲ့အချိန် စစ်မှုထမ်း တပ်သားသစ် အဖြစ် စုဆောင်းခံရတဲ့ လူငယ် ၁၆ ဦးဟာ ထွက်ပြေးလာကြပြီး ၊ အဲဒီထဲက ၄ ဦးကိုတော့ စစ်ကောင်စီက ပြန်ဖမ်းမိသွားသလို ကျန်တဲ့ လူငယ် ၁၂ ဦးက လွတ်မြောက်လာပြီးနောက် ၂ ဦးဟာ မြိတ်ပကဖ ဆီခိုလှုံရောက်ရှိလာတဲ့ သတင်းအပါဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article