32 C
Yangon

ချောင်းဦးမြို့နယ်ရှိ မြပုလဲ စစ်တပ် အထိုင်စခန်းနှင့် တနင်္သာရီမြို့နယ်ရှိ ခမရ ၅၅၈ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် စစ်သား ၂ ဦးသေဆုံး

Must read

ချောင်းဦးမြို့နယ်ရှိ မြပုလဲ စစ်တပ် အထိုင်စခန်းနှင့် တနင်္သာရီမြို့နယ်ရှိ ခမရ ၅၅၈ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ မတ် ၈

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ မြပုလဲ စစ်တပ် အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း Chaung U People’s Defence Force (CHUPDF) က ပြောဆိုသည်။

မတ်လ ၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး လမ်းမကြီးပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ မြပုလဲ အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ မြပုလဲစခန်း အတွင်း ညစာစားနေသော လက်နက်ကြီး ကွန်မန်ဒါ အရာရှိ ၁ ဦး အပါအဝင် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသော စစ်သားများကို ယင်းနေ့ ည ၁၁ နာရီ ၂၃ မိနစ်ခန့်တွင် မုံရွာမြို့တွင်းမှ သံပြားကာ ၂ စီးဖြင့် လာရောက်ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

သေဆုံးသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး၏ ရုပ်အလောင်းများကို မတ်လ ၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် အတွင်း အခမ်းအနားဖြင့် နာရေး ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

အလားတူ တနင်္သာရီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၅၈၈ တပ်ရင်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။

မတ်လ ၁ ရက်နေ့တွင် တနင်္သာရီမြို့နယ် ပကဖ ဇုန် ၄ နှင့်ဇုန် ၅ မှ တော်လှန်ရေး ရဲဘော်များ ပူးပေါင်း၍ ခမရ ၅၅၈ တပ်ရင်းအတွင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article