28 C
Yangon

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၁၄၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်

Must read

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၁၄၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ မတ် ၉

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၁၄၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယမန်နေ့ မတ်လ ၈ ရက်နေ့ ည ၁၀ နာရီ ၁ မိနစ်အချိန် ရန်ကုန်တိုင်း ၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၁၄၁ ရပ် ကွက်ရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများမှာ ပြည်သူများကို အမြဲ အနိုင်ကျင့်နေခြင်းကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဇိုးအုပ်ကြီးနှင့်နွဲ့ဇိုးတွေ သေဆုံးထိခိုက်ဖို့ သေချာသလောက်ရှိပါတယ်။ နောက်ထပ်ပစ်မှတ်ကြီးတွေကိုလည်းအကြမ်းဖက်စစ်အာဏာရှင်မပြုတ်မချင်း ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမယ်” ဟု Yangon Army (YA) တာဝန်ရှိသူက ဆိုသည်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၁၄၁ ရပ် ကွက်ရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးကို ပစ်ခတ်တိုက် ခိုက်သည့် စစ်ဆင်ရေးကို Yangon Army (YA) ၊ အနောက်ပိုင်းခရိုင်(ပကဖ) တို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article