ရန်ကုန်၊ မတ် ၁၀
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပါတီစုံဒီမိုကရေစီစနစ်ကို အမှန်တကယ်လိုချင်လျှင် ရွေး ကောက်ပွဲကို ကဏ္ဍကောစ မလုပ်ရန်နှင့် ပူးပေါင်းကြရန် ခြိမ်းခြောက်မှုများ လုပ်ဆောင်လာပြန်သည်။
ယမန်နေ့ မတ်လ ၉ ရက်နေ့ ရုရှားမှ နေပြည်တော်သို့ အပြန်ခရီး လေယာဉ်ပေါ်တွင် စစ်တပ်လက်အောက်ခံ မီဒီယာများသို့ အင်တာဗျူး ဖြေကြားစဉ် မင်းအောင်လှိုင်က အထက်ပါအတိုင်း ခြိမ်းခြောက်ပြောဆိုခြင်းဖြစ်သည်။
အကြမ်းဖက်မင်းအောင်လှိုင်က ၎င်းအနေဖြင့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောခဲ့ပြီးဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို အမှန်တကယ်လိုချင်လျှင် ရွေးကောက်ပွဲကို မဆန့်ကျင်ရန် မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆို ခြိမ်းခြောက်ပြန်သည်။
“ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်မယ်လို့ ကျနော်ပြောခဲ့တာရှိတယ်။ ဒါကို ကျနော်တို့ ခိုင်ခိုင်မာမာလုပ်မှာပါ။ ပါတီစုံဒီမိုကရေစီစနစ်ကို တကယ်လိုချင်လို့ရှိရင် ကဏ္ဍကောစ လုပ်မနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲ လိုပါတယ်” ဟု မင်းအောင်လှိုင်က ခြိမ်းခြောက်သည်။
မင်းအောင်လှိုင်က ရွေးကောက်ပွဲကို စစ်အာဏာသိမ်းမှု သက်တမ်း ၅ နှစ်ပြည့်သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (သို့မဟုတ်) ၂၀၂၆ ခုနှစ် ဇန်နဝါရီလအစောပိုင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း ဘယ်လာရုစ်နိုင်ငံတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထုတ် ဖော်ပြောဆိုခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
