34 C
Yangon

ရေးမြို့ပေါ်တွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန် ဖမ်းဆီးနေသော အောင်သုခရပ်ကွက် နယ်ထိန်းရဲ မျိုးသူ ဘီယာ သောက်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံး၊ ညောင်ဦးတွင် ထွေ/အုပ်ဝန်ထမ်း လင်မယား ဓားခုတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ မတ် ၁၀

မွန်ပြည်နယ် ရေးမြို့ပေါ်တွင် လူငယ်များကို စစ်မှုထမ်း စုဆောင်းခြင်းများ လုပ်ဆောင်‌နေသည့် အောင်သုခရပ် ကွက်၊ နယ်ထိန်းရဲ မျိုးသူ ဘီယာ သောက်နေစဉ် ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ရေးဘီလူးအဖွဲ့ ခေါင်းဆာင်က ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၉ ရက်နေ့ ည ၇ နာရီဝန်းခန့်အချိန် ရေးမြို့ပေါ်ရှိ အောင်သုခရပ်ကွက်၌ ဘီယာသောက်နေသည့် အောင်သုခ နယ်ထိန်းရဲမှူး မျိုးသူကို ရေးဘီလူး အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ဝင်ရောက် ပစ်ခတ် တိုက် ခိုက်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော နယ်ထိန်း ရဲမှူး မျိုးသူသည် ရေးမြို့ပေါ်ရှိ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာ၌ ဦးဆောင်ပါဝင်နေသူဖြစ်ပြီး ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေခြင်းကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“သူက ရဲလုပ်သက်လည်း မြင့်တယ်။ ပြီးတော့ ရဲမှာဆို တအား အရေးပါတဲ့လူ တစ်ခုခု ပစ်ခတ်မှုတွေဖြစ်ရင်လည်း သူကိုယ်တိုင်လိုက်ပိတ်တယ်။ အခုတော့ ရှင်းနိုင်ခဲ့ပြီ သူ့ကို စစ်မှုထမ်းဥပဒေနဲ့ သူက ပြည်သူ့အပေါ် ရက် စက်မှုလည်း များတယ်။ ဒါကြောင့် သူ့ကို လိုက်တာ စစ်မှုထမ်းခိုင်းတဲ့ လူတွေ အတော်များများ သူ့ကြောင့်နဲ့ ဖမ်းခံထိတာ များတယ်”ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆာင်က ပြောဆိုသည်။

အလားတူ မတ် ၉ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ၊ တောပြားကျေးရွာအရှေ့ဘက် ယာခင်းအနီး ထွေ/အုပ် ဝန်ထမ်း သန်းလှိုင်နှင့် ဇနီး ခင်မမတို့ ဓားဖြင့် အခုတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ညောင်ဦးမြို့ နယ်၊ ငါ့သရောက်မြို၊ တောပြားကျေးရွာနေ ထွေ/အုပ်ဝန်ထမ်း အသက် ၄၉ နှစ် အရွယ် သန်းလှိုင် နှင့် ဇနီး အသက် ၄၅ နှစ် ခင်မမ၊တို့ကို ဓားဖြင့် ဝင်ခုတ်မှုဖြစ်ပွားပြီး သန်းလှိုင်မှာ လည်ပင်းပြတ်ရှဒဏ်ရာ၊ ဝဲ/ယာရင်အုံ ထိုးသွင်းဒဏ်ရာ၊ ခင်မမမှာ လည်ပင်းပြတ်ရှဒဏ်ရာ ၂ ချက်၊ ဝဲဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ ၂ ချက်၊ ယာဘက်ရင်အုံထိုးသွင်းဒဏ်ရာ ၂ ချက်၊ အူပွင့်ထွက်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article