29 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မတ် ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၁၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့တို့ စစ်တပ်အတွင်း ပုန်ကန်မှု မဖြစ်အောင် သွေးခွဲ အုပ်ချုပ်ပြီး ရာထူးပေးတဲ့ စနစ်ကြောင့်ပဲ စစ်ဗိုလ်ချုပ်တွေ အကြား အုပ်စုကွဲများစွာ ဖြစ်ပေါ်နေပြီး ညီညွတ်မှုမရှိဘဲ အားပြိုင်နေကြတယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်က အကြမ်းဖက် စစ်ကောင်စီ တပ်စွဲထားရာ နေရာ ၃ ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၁၀ ဦး ထက်မနည်းကတော့ အသီးသီး သေကုန်ကြပြန်တဲ့အပြင် ၊ ဒဏ်ရာရတဲ့သူတွေပါ များသွားပြီးတဲ့နောက် ရေတပ်စစ်သဘော်ကနေ လက်နက်ကြီးပစ်ကူပေးရတဲ့ အခြေနေအထိ အထိနာသွားကြတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ် ဝန်ကြီးချုပ် စောမြင့်ဦး ဆိုသူတက်ရောက်တဲ့ ကော့ကရိတ်မြို့နယ်က ဂျိုင်းတံတား ဖွင့်ပွဲ အခမ်း အနား မစတင်မီမှာပဲ ဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ခံရပြီး စစ်သားတချို့လည်း ဒဏ်ရာတွေ ရထားကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article