ရန်ကုန်၊ မတ် ၁၂
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်လမ်းပိုင်းတွင် တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း Phyu Township People’s Defense Organization မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဖြူးမြို့နယ်၊ အုတ်ဖြတ်လမ်းပိုင်းရှိ ဝဲကြီးရွာအနောက်ထိပ်တွင် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်နှင့် ဖြူးမြို့နယ် ပကဖ ရဲဘော်များ ထိတွေ့ တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ယင်းနေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင်လည်း အုတ်ဖြတ်လမ်းပိုင်းရှိ မြို့ချောင်းရွာ၌ အကြမ်းဖက် စစ်တပ်နှင့် ဖြူးမြို့နယ် ပကဖ မှ တော်လှန်ရေး ရဲဘော်များ တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။
အလားတူ ညနေ ၆ နာရီခန့်တွင်လည်း အုတ်ဖြတ်လမ်းပိုင်းရှိ မြို့ချောင်းရွာကို ဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဖြူးမြို့နယ် ပကဖ Drone အဖွဲ့မှ ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“တိုက်ခိုက်မှုက ၃ ကြိမ်ပေါ့။ စစ်ခွေး ၃ ကောင် သေဆုံးတယ်လို့တော့ သိရတယ်။ တော်လှန်ရေး ရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Phyu Township People’s Defense Organization မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
